ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှစပြီး ကျောက်မဲမြို့ရှိ နောင်ပိန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“၁၂ နာရီကနေစပစ်တာ ၁ နာရီထိကို လက်နက်ကြီး သုံး လုံးထိပစ်ပြီးပြီ။ အခုလည်းပစ်နေတုန်းပဲ။ စစ်ရှောင်တွေ ထပ်ပြီးထွက်ပြေးနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နောင်ချိုမြို့နယ်အတွင်း တပ်စွဲဝင်ရောက်နေသည့် စစ်ကောင်စီတပ်များက နောင်ပိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းမှ ကျောက်မဲမြို့နယ်အတွင်းသို့ စစ်ရှောင်လာသည့် ‌ဒေသခံများ အပါအဝင် စစ်ရှောင်ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ကောင်စီသည် နောင်ချိုမြို့ကို ဝင်ရောက်တပ်စွဲထိန်း ချုပ်ပြီးနောက် ကျောက်မဲမြို့နယ်ကိုပါ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်ပစ်ခတ်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိသည်။

စစ်ကောင်စီသည် နောင်ပိန်ရထားသံလမ်း တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များရှိရာဘက်ကို လက်နက်ကြီး များဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နောင်ပိန်ရွာအတွင်းသို့ပါ ဆက်လက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုံစာ- နောင်ပိန်ရွာတွင်းသို့ လက်နက်ကြီးကျရောက်ပြီးနောက်တွေ့ရစဉ်။