
ဧရာဝတီတိုင်းမ်
ဇူလိုင်၂၆ ရက်
အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်စပ်မှတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားက သဘောတူလိုက် ပြီလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင်လ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ပေမယ့် တပ်ဖွဲ့တွေကို နယ်စပ်မှာ တပ်စွဲထား လို့ တပ်ဖွဲ့တွေဆုတ်ခွာဖို့ အချိန်လိုအပ်တာကြောင့် အချိန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ၎င်းက ပြောပါ တယ်။
“မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ကျွန်တော်တို့အပေါ် လေးစားသမှုကြောင့် ကျွန်တော်ဟာ မ နေ့က ထိုင်း ယာယီဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့နဲ့ ဖုန်းပြောဆိုခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
“ကျွန်တော် သူတို့နဲ့ စကားပြောဆိုချိန်မှာ နှစ်ယောက်စလုံးက လေးစားသမှုနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားနိုင်ငံဟာ ငြိမ်းချမ်းပြီး တည်ငြိမ်သောတိုင်းပြည်တစ်ခု ဖြစ်လို့ပါ” လို့ အန်ဝါက ပြောပါတယ်။
ပဋိပက္ခထပ်မဖြစ်ရေး ဟန့်တားပေးမယ့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ဖို့ စဉ်းစားရာမှာ ထိုင်းနဲ့ကမ္ဘောဒီးယားရဲ့ အပြုသဘောဆောင်သော စိတ်အားထက်သန်မှုကို ၎င်းက ကြိုဆိုခဲ့ပါတယ်။
ကြာသပတေးနေ့က အငြင်းပွား နယ်စပ်ဒေသမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေ အပြန်အ လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်ဖို့ခဲ့ကြပါတယ်။
ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးခဲ့တဲ့ မေလ ၂၈ ရက် နယ်စပ်ပစ်ခတ်မှုဖြစ်စဉ်အပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားကြား နယ်နိမိတ်မသတ်မှတ်ရသေးတဲ့ ကီလိုမီတာ ၈၁၇ ရှိ နယ်စပ်အရေး အငြင်းပွားမှုတွေ ဆယ်စုနှစ်ချီ ဖြစ်ပွားခဲ့ပြီး သံတမန်ဆက်ဆံရေး ဆက်လက်ပြီး တင်းမာနေပါတယ်။
ကိုးကား – Bernama
Ref; Thailand, Cambodia have agreed to a ceasefire – PM Anwar