ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

တိဘက်တောင်ပိုင်းမှာ တည်ဆောက်ဆဲ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ် ပိုင်နက်ထဲမှာ အပြည့်အဝ ရှိတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

အဆိုပါစီမံကိန်းက ရေစုန်ပိုင်းရှိတိုင်းပြည်တွေကို သက်ရောက်စေမှာမဟုတ်ဖူးလို့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်ရာမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။

တိဘက်အနောက်တောင်ပိုင်း ဝေးလံခေါင်ဖျား ယာလန်မြစ်အနီး ကြီးမားသော ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မှုကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့အပတ်မှာ စတင်လိုက်ပါတယ်။

တည်ဆောက်မှုပြီးစီးပါက အဆိုပါစီမံကိန်းက ယာလန်ကျန်ဘိုမြစ်တစ်လျှောက် ဘေးအန္တရာယ် များ ဖြစ်ပွားမှုကို လျှော့ချပေးဖို့ မျှော်မှန်းရတယ်လို့ Guo Jiakun က ဆိုပါတယ်။

မိုးလေဝသဆိုင်ရာ အချက်အလက်တွေ မျှဝေခြင်း၊ ရေဘေးနဲ့ ဘေးအန္တရာယ်လျှော့ချရေး လုပ် ဆောင်ခြင်းအားဖြင့် တရုတ်က ရေစုန်တိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ၎င်းက ပြောပါ တယ်။

အဆိုပါစီမံကိန်းက နှစ်စဉ် ဓာတ်အား ကီလိုဝပ် ၃၀၀ ဘီလီယံ ထုတ်လုပ်ပေးမှာဖြစ်လို့ ကီလိုဝပ် ၈၈ ဘီလီယံ ထုတ်လုပ်ပေးတဲ့ ကမ္ဘာ့အကြီးဆုံးဆည် Three Gorges ထက် သုံးဆပိုများမှာ ဖြစ်ပါတယ်။

စီမံကိန်းမှာ ရေအားလျှပ်စစ်စက်ရုံ (၅) ခု ပါဝင်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၆၇ ဘီ လီယံကျော်နဲ့ညီမျှတဲ့ ယွမ် ၁ ဒသမ ၂ ထရီလီယံ ရှိပါတယ်။

ကိုးကား – Anadolu
Ref; Beijing responds to India, Bangladesh concerns over $167.8B hydropower project in Tibet