ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာထားတဲ့ ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှု အရှိန် မြှင့်ဖို့ ရည်ရွယ်သော နေတိုးအဖွဲ့မှတစ်ဆင့် စစ်လက်နက်လွှဲပြောင်းရေး အစီအစဉ်ကို ဗြိတိန်က အပြည့် အဝ ထောက်ခံမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

မဟာမိတ်နဲ့မိတ်ဖက် ၅၂ နိုင်ငံက အဆိုပါအစီအစဉ်မှာ ပူးပေါင်းခဲ့ကြောင်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီး ဘောရစ်ပက်စတိုးရီးယပ်စ်နဲ့ ပူးတွဲဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ယူကရိန်းကာကွယ်ရေးဆက် သွယ်ရေးအဖွဲ့ (UDCG) ရဲ့ အွန်လိုင်းအစည်းအဝေးမှာ ၎င်းက ပြောပါတယ်။

နေတိုးအဖွဲ့မှတစ်ဆင့် ယူကရိန်းသို့ စစ်လက်နက်ပမာဏများစွာ လွှဲပြောင်းပေးမယ့် ဒေါ်နယ်ထ ရမ့်ရဲ့ မူဝါဒသစ်ဟာ ငြိမ်းချမ်းရေးကို လက်ခံဖို့ သို့မဟုတ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ဖို့ ရု ရှားသမ္မတ ဗလာဒီမာပူတင်အတွက် ရက် ၅၀ ရာဇသံတစ်ခုလို့ သူက သတိပေးခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားဟာ စစ်သည် တစ်သန်းကျော် သေဆုံး သို့မ ဟုတ် ဒဏ်ရာရရှိခဲ့ပြီး ယခုနှစ်အတွင်းမှာပင် တပ်ဖွဲ့ဝင် ၂၄၀၀၀၀ သေကျေဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဗြိတိန်ဟာ ယခုနှစ်အတွင်း ယူကရိန်းသို့ စစ်ရေးအကူအညီ စတာလင်ပေါင် ၄ ဒသမ ၅ ဘီလီယံ ကျော် အကူအညီပေးဖို့ ကတိပြုထားရာ ပမာဏအများဆုံး စစ်ရေးအကူအညီပေးမှု ဖြစ်လာတယ်လို့ ဂျွန် ဟီလေးက ဆိုပါတယ်။

“ဗြိတိန်ရဲ့ စစ်ရေးအကူအညီထဲမှာ ပေါင် သန်း ၇၀၀ တန်ကြေးရှိ အမြောက်ကျည်ဆံတွေ၊ တာ ဝေးပစ်ဒုံးပျံတွေနဲ့ ဒုံးကျည်တွေ ပါဝင်ပြီး ပြီးခဲ့တဲ့နှစ်လအတွင်း ယူကရိန်းသို့ ပေးအပ်ခဲ့တဲ့ စစ်လက်နက် တွေဟာ ပေါင် သန်း ၁၅၀ ကျော် တန်ကြေးရှိပါတယ်” လို့ သူက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဒရုန်းထောက်ပံ့မှု ဆယ်ဆအထိ တိုးမြှင့်မယ့် ဗြိတိန်နိုင်ငံရဲ့ ကတိကဝတ် တစ်စိတ်တစ်ပိုင်းအဖြစ် မတ်လနောက်ပိုင်း ယူကရိန်းသို့ ဒရုန်း ၅၀၀၀၀ နီးပါး ပေးပို့ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဗြိတိန်နဲ့ဂျာမနီဟာ ယူကရိန်းသို့ အရေးပါသော လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ပူး တွဲ ထောက်ပံ့ဖို့ သဘောတူခဲ့တယ်လို့ သူက ကြေညာခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; UK backs Trump’s new Ukraine arms plan, calls for 50-day push to force Putin to negotiate