ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်

တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားတဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြို မှုတွေကြောင့် လူ ၁၇ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ပြောပါတယ်။

လူ ၁၁ ဉီး ပျောက်ဆုံးနေမှုနဲ့အတူ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်နေလို့ သေဆုံးသူဉီးရေ တိုးလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ထိခိုက်ပျက်စီးမှုအများစုမှာ တောင်ကိုးရီးယားတောင်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူခြောက်ဉီး သေဆုံး ကာ ခုနှစ်ဉီး ပျောက်ဆုံးနေပါတယ်။

ရေဘေးကြောင့် ထောင်ချီတဲ့လမ်းမကြီးတွေ၊ တံတားတွေ ပျက်စီးခဲ့ပြီး လယ်ယာမြေတွေနဲ့ မွေး မြူရေးလုပ်ငန်းတွေလည်း ပျက်စီးခဲ့ပါတယ်။

ရေဘေးဖြစ်ပွားပြီးနောက်ပိုင်း လူ ၁၀၀၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး အိမ်ထောင် စု ၄၀၀၀၀ ကျော် ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

တောင်ကိုရီးယားတောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ အဆိုးရွားဆုံး ရေဘေးသင့်ခဲ့ပြီး ဆိုးလ်မြို့တော်နဲ့ မြောက်ပိုင်းနယ်မြေတွေမှာ မိုးကြီးမယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတ လီဂျေမြောင်က ရေဘေးအသင့်ဆုံးဒေသတွေကို အထူးဘေးအန္တရာယ်ဇုန်တွေအဖြစ် ကြေညာဖို့ တနင်္ဂနွေနေ့က အမိန့်ပေးခဲ့ပြီး အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်း စတင်ခဲ့ပါတယ်။

ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်မယ့် အရင်းအမြစ်အားလုံး စုစည်းဖို့ ပြည်ထဲရေးဝန်ကြီး ယွန် ဟိုဂျန်က ဒေသန္တရအာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။

ကိုးကား – BBC
Ref; At least 17 dead in South Korea floods and landslides