
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
ဘင်္ဂလားဒေ့ရှ်လေတပ်ဖွဲ့မှ လေ့ကျင့်ရေးဂျက်လေယာဉ်တစ်စင်း ဒါကာမြို့တော်ရှိ စာသင် ကျောင်းတစ်ခုအပေါ် ပျက်ကျခဲ့ရာ လူ ၁၉ ဉီး သေဆုံးခဲ့ပြီး ၁၆၄ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
F-7 ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာ လေ့ကျင့်ရေးအတွက် ပျံတက်သွား ပြီးနောက် စက်ချို့ယွင်းကာ ပျက်ကျခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာ လေယာဉ်မှူးလဲပါဝင်ခဲ့တယ်လို့ လေတပ်ဖွဲ့က ပြောပါတယ်။
ကလေးငယ်တွေ အပါအဝင် မီးလောင်ဒဏ်ရာရရှိသူ ၅၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆရာဝန်တစ်ဉီးက ပြောပါတယ်။ ကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသားတွေဟာ အသက် ၄ နှစ်မှ ၁၈ နှစ်အထိ ရှိပါတယ်။
လေယာဉ်မှူးဖြစ်သူဟာ စက်ချို့ယွင်းပြီးနောက် ဂျက်လေယာဉ်ကို လူနေနည်းပါးတဲ့ဧရိယာတစ် ခုသို့ မောင်းနှင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကို အနီးအနားရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး အရေးပေါ်အဖွဲ့တွေက လေ ယာဉ်ပျက်ကျရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဖြစ်စဉ်ကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
လေ့ကျင့်ရေးလေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ အကူအညီအားလုံး ပေးနိုင်ဖို့ လိုအပ်သော အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်း ဆောင် မူဟမ်မက်ယူနွတ်က ပြောပါတယ်။
“ဒီဖြစ်စဉ်ဟာ တိုင်းပြည်အတွက် စိတ်ပျက်စရာ အခိုက်အတန့်ပါ။ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး ပြန်လည်သက်သာလာဖို့ ကျွန်တော် ဆန္ဒပြုပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဏာပိုင်အားလုံး ကို ညွှန်ကြားပါတယ်” လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – BBC
Ref; At least 19 dead after air force jet crashes into Bangladesh school