
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဝဇီရာရုပ်ရုံကို ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်နေပြီး သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများရှိပါက ပေးပို့ရန် စစ်ကောင်စီက ထုတ်ပြန်သည်။
ဝဇီရာရုပ်ရှင်ရုံကို ၁၉၂၃ ခုနှစ်တွင် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များပေါင်းစပ်၍ တည်ဆောက်ထားပြီး Beaux Arts ဗိသုကာလက်ရာပုံစံ ရုပ်လုံးကြွများဖြင့် တန်ဆာတင်တည်ဆောက်ထားဖြစ်ကာ မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းရမည့် ရှေးဟောင်းအဆောက်အအုံတစ်ခု ဖြစ်ကြောင်းသိရသည်။
ရှေးဟောင်းအဆောက်အအုံဝဇီရာသမိုင်းနှင့်ပတ်သက်ပြီး ဆိုင်ရာအချက်အလက်များ၊ ပုံစံကားချက်များ၊ ဖျော်ဖြေတင်ဆက်မှုများနှင့် မှတ်တမ်းဓာတ်ပုံများကို မူရင်း (သို့မဟုတ်) မိတ္တူလှူဒါန်းပေးရန် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါဝဇီရာရုပ်ရှင်ရုံကို အဆင့်မြှင့်တင်ပြီးလျှင် ရုပ်ရှင်ရုံ၊ ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတ၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ စတူဒီယိုအပါအဝင် အနုပညာဖန်တီးနိုင်သည့် နေရာအဖြစ်အသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
အရပ်သားအစိုးရ NLD လက်ထက်က ဝဇီရာရုပ်ရှင်ရုံတွင် နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ ဝဿန်ရုပ်ရှင်ပွဲတော်၊Memory ရုပ်ရှင်ပွဲတော်များနှင့် မြန်မာ့ရှေးဟောင်းရုပ်ရှင်များအပါအဝင် နိုင်ငံတကာရှိဆုရရုပ်ရှင်များကို အခမဲ့ပြသခဲ့သည်။
ထိုစဉ်က အဆိုပါနေရာသည် ရုပ်ရှင်အနုပညာချစ်သူများ၊ အနုပညာလှုပ်ရှားသူလူငယ်များဖြ င့်စည်ကားရာနေရာတစ်ခု ဖြစ်ခဲ့သည်။
ဓာတ်ပုံ -memory ရုပ်ပွဲတော်