ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ၂၀၂၅ ခုနှစ်တွင် အာရှတိုက်၏ အကောင်းဆုံမြို့တော်အဖြစ် Travel+Leisure မဂ္ဂဇင်း စာဖတ်ပရိတ်သတ်များက ရွေးချယ်ခဲ့ကြောင်း သိရသည်။

ချင်းမိုင်မြို့သည် ကမ္ဘာတဝန်းရှိ ခရီးသွား ၁၈၀,၀၀၀ ကျော်ထံမှ ကောက်ယူရရှိထားသည့် စစ်တမ်းများအရ အာရှတွင် အကောင်းဆုံးမြို့အဖြစ်သတ်မှတ်ခြင်း ခံရခြင်းဖြစ်ကြောင်းလည်း နာမည်ကျော် ခရီးသွားမဂ္ဂဇင်းတစ်ခုဖြစ်သည့် Travel+Leisure က ပြောဆိုခဲ့သည်။

အဆိုပါစစ်တမ်းအရ အာရှတိုက်တွင် ချင်းမိုင်သည် ပထမဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က ဒုတိယဖြစ်ကာ ဘန်ကောက်မြို့သည် တတိယ အကောင်းဆုံးမြို့အဖြစ် အသီးသီးရွေးချယ်ခံရကြောင်း သိရသည်။

အကောင်ဆုံးမြို့အဖြစ်ရွေးချယ်ရာတွင် မြို့၏ဆွဲဆောင်မှုနှင့် အထင်ကရနေရာများ၊ ယဉ်ကျေးမှု၊ အစားအစာ၊ ဖော်‌ရွေမှု၊ ဈေးရောင်းဈေးဝယ်ခြင်း အပါအဝင် ငွေကြေးတန်ဖိုး စသည်တို့ကိုပါကြည့်ရှု၍ အဆင့်သတ်မှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ချင်းမိုင်သည် အကောင်းဆုံးမြို့အဖြစ် ရွေးချယ်ခံရသလို ဘန်ကောက်မြို့သည်လည်း တတိယမြောက် နေရာတွင်ရွေးချယ်ခံရသည့်အတွက် ထိုင်းနိုင်ငံသည်လည်း အာရှတိုက်၏ ထိပ်တန်းခရီးသွားရာ နေရာအဖြစ် ပိုမိုရေပန်းစားထင်ရှားလာခဲ့သည်။

Travel+Leisure မဂ္ဂဇင်းရွေးချယ်မှုအရ အာရှတိုက်၏ အကောင်းဆုံး မြို့များတွင် ချင်းမိုင်၊ တိုကျို၊ ဘန်ကောက်မြို့များ အပြင် အိန္ဒိယနိုင်ငံမှ ဂျိုက်ပွာ၊ မွမ်ဘိုင်း၊ အေဂရာ၊ ဗီယက်နမ်နိုင်ငံမှ ဟွိုင်အန်၊ ဟနွိုင်း စသည့်မြို့များအပြင် ကျိုတို၊ အိုဆာကာ၊ တိုင်ပေ၊ စင်ကာပူ၊ ဆိုးလ် စသည့်မြို့များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ကိုးကား – Khaosod English