ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

ဗီယက်နမ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ခရီးသွားနယ်မြေတစ်ခုမှာ ကူးတို့လှေတစ်စင်း တိမ်း မှောက်ပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ တနင်္ဂနွေနေ့မှာ ပျောက်ဆုံးနေသူလေးဦးကို ရှာဖွေနေ တယ်လို့ သိရပါတယ်။

ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် “Wonder Sea” လို့ အမည်ပေးထားတဲ့ စက်လှေ တိမ်းမှောက်ချိန်မှာ အဆိုပါစက်လှေပေါ်မှာ ခရီးသည် ၄၆ ဉီးနဲ့ အမှုထမ်းသုံးဉီး တင်ဆောင်လာတယ်လို့ သိရပါတယ်။

စက်လှေပေါ်ပါသူအများစုမှာ ဟနွိုင်းမြို့တော်မှ မိသားစုတွေဖြစ်ပြီး ခရီးသည်တွေထဲမှာ ကလေး ငယ် ၂၀ ကျော် ပါဝင်တယ်လို့ နိုင်ငံပိုင်မီဒီယာ VNExpress က ဖော်ပြပါတယ်။

အလောင်း ၃၅ လောင်း ပြန်လည်တွေ့ရှိကာ လူ ၁၀ ဉီးကို ကယ်ဆယ်ခဲ့ပြီး လူလေးဉီး ပျောက် ဆုံးနေတယ်လို့ သိရပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်က သေဆုံးသူတွေရဲ့ မိသားစုတွေထံ ဝမ်းနည်းကြောင်းသဝမ် လွှာ ပေးပို့ခဲ့ပြီး အရေးပေါ် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတွေကို တောင်းဆိုခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ရိုက်ခတ်မှုမရှိခဲ့ဖူးလို့ မိုးလေဝသ ဌာနမှ ညွှန်ကြားရေးမှူး မိုင်ဗန်ခိုင်က ပြောပါတယ်။

အပူပိုင်းမုန်တိုင်း ဝီဖာဟာ တနင်္ဂနွေနေ့က တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်ခဲ့ပြီး လာ မယ့်အပတ်မှာ ဗီယက်နမ်နိုင်ငံမှာ ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။

ကိုးကား – AFP
Ref; Death toll rises to 35 in Vietnam after Ha Long Bay tourist ferry sinks