
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
ပြီးခဲ့တဲ့နှစ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆတ်ခ် ယိုလ်အား အာဏာအလွဲသုံးစားမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ယွန်ဆတ်ခ်ယိုလ်ဟာ ဇန်နဝါရီလအတွင်း ထိန်းသိမ်းခံရပြီးနောက် အကျဉ်းချခံထားရတဲ့ တောင် ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဖြစ်လာခဲ့ပါတယ်။
ယွန်ဆတ်ခ်ယိုလ်အား မတ်လအတွင်း လွှတ်ပေးခဲ့ပေမယ့် သူ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက် လုပ်ခဲ့ပါတယ်။ အမှုမှာ အထောက်အထားတွေကို ဖျက်ဆီးခဲ့မှုသံသယနဲ့ ဖမ်းဆီးဝရမ်းတစ်ခု ထုတ်ပြီး နောက် ပြီးခဲ့တဲ့အပတ်အတွင်း ယွန်ဆတ်ခ်ယိုလ်အား နောက်တစ်ကြိမ် ဖမ်းဆီးခဲ့ပါတယ်။
သမ္မတဟောင်း ယွန်ဆတ်ခ်ယိုလ်အား အာဏာအလွဲသုံးစားမှု၊ အထူးတာဝန်တွေကို ကဖျက်ယ ဖျက်လုပ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ အစိုးရရှေ့နေ ပတ်ခ်ဂျီယောင်က စနေနေ့မှာ သတင်းထောက်တွေ ကို ပြောပါတယ်။
ယွန်ဆတ်ခ်ယိုလ်ဟာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်တာအပါအဝင် စစ်အုပ်ချုပ်ရေး ကြေညာဖို့ လိုအပ်သော လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့ဖူးလို့ ၎င်းက ဆိုပါတယ်။
ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က စစ်အုပ်ချုပ်ရေးကို ထောက်ခံခဲ့တယ်လို့ ဖော်ပြထားတဲ့ မှားယွင်းသော မှတ်တမ်းတစ်ခု ပြုလုပ်မှုနဲ့လည်း ယွန်ဆတ်ခ်ယိုလ်ကို စွဲချက်တင်ခဲ့ပါတယ်။
ယွန်ဆတ်ခ်ယိုလ်က ထိန်းသိမ်းခံရပြီးနောက်ပိုင်း စစ်ဆေးခံဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ရဲ့ ဖမ်းဝရမ်း ပယ်ဖျက်ပေးဖို့ ကြားနာမှုတစ်ခုကို တက်ရောက်ဖို့ သောကြာနေ့က တရားရုံးသို့ ရောက်လာခဲ့ပါတယ်။
ကိုးကား – AFP
Ref; South Korea’s ex-president indicted for abuse of power