ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

ဧရာဝတီမြစ်အတွင်း လုံခြုံရေးအပြည့်ဖြင့် ဆန်တက် လာသည့် စစ်သင်္ဘောအုပ်စုကို Mandalay PDF က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇ ရက်နေ့တွင် မန္တလေး ဂေါဝိန်ဆိပ်မှစတင်ပြီး ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် များတစ်လျှောက် တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ယင်းတိုက်ခိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်လာသည့် တွဲသင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ပြီး စစ်သင်္ဘောတစ်စင်းနှင့် တွန်း သင်္ဘောနှစ်စင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သင်္ဘောများ အထက်သို့ဆန်တက်ရန်အတွက် စစ်ကောင်စီကမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို Y 12 လေယာဉ်ဖြင့် ဗုံးကြဲမှုများပြု လုပ်ခဲ့ပြီး လုံခြုံရေးအပြည့်ဖြင့် သွားလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းတွင် စစစ်သဘ်ောများကို လေကြောင်းမှ လုံခြုံရေးယူ ဗုံးပတ်ကြဲမှုကြောင့် ဝက်လက်ဒေသခံ ၂၀ နီးပါး သေဆုံးခဲ့သည်။