ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ဧရာ၀တိီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူး ထောက်ခံချက်မပါသည့်စားသောက်ကုန်များကို စစ်တပ်ကသိမ်းယူနေကြောင်း ဒေသခံများထံက သိရသည်။

ကျေးရွာအချို့သည် ရေကြည်နှင် ငါးသိုင်းချောင်းမြို့သို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၀ယ်ယူရန်အတွက် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာတောင်းခံနေရခြင်းဖြစ်သည်။

“ထောက်ခံစာ လုပ်ရင် တစ်စောင်တစ်သောင်းပဲ နို့မို့သယ်လို့မရဘူး။ စက်သုံးဆီဆိုရင် အကန့်အသတ်နဲ့ပဲသယ်လို့ရလို့ လယ်လုပ်တဲ့သူတွေဒုက္ခရောက်ရတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် စားသောက်ကုန်၊ စားဆီနှင့်ဆန်များသယ်ယူခွင့်ရရှိရန်အတွက် အုပ်ချုပ်ရေးမှုးများထံမှထောက်ခံစာရရှိရန် တစ်သောင်းကျပ်ထိပေးရကြောင်းသိရှိရပြီး စစ်ဆေးရေးဂိတ်များတွင် ထောက်ခံစာပြသော်လည်း အချို့ပစ္စည်းများကိုသိမ်းယူခံရကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ငါးသိုင်းချောင်းမြို့နယ်အတွင်းတွင်မတ်လမှစတင်ပြီး အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရိက္ခာပို့သည်ဟူသောစွပ်စွဲချက်ဖြင့် ယခုကဲ့သို့ ကန့်သတ်လိုက်ကြောင်း သိရသည်။