ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

အီရတ်နိုင်ငံအရှေ့ပိုင်း ကုန်တိုက်တစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၆၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ကွပ်မြို့တော်ရှိ ငါးထပ်အဆောက်အအုံတစ်လုံးမှာ မီးလောင်ကျွမ်းမှု ဖြစ် ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် လူ ၆၉ ဉီး သေဆုံးခဲ့ပြီး ၁၁ ဉီး ပျောက်ဆုံးခဲ့တယ်လို့ ဒေသန္တရ ကျန်းမာရေး အာဏာပိုင်တွေနဲ့ အခြား သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

မီးတောက်ဟာ ကုန်တိုက်အပေါ်ထပ်မှာ လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန်မှာ ကုန်တိုက်အမိုးပေါ် မှာ စုဝေးနေကြတာပါ။

အဆိုပါကုန်တိုက်ဟာ လွန်ခဲ့သောတစ်ပတ်ကမှ ဖွင့်လှစ်ခဲ့တာလို့ အနောက်နိုင်ငံများမှ မီဒီယာ တွေက ဖော်ပြပါတယ်။

အဆောက်အအုံရဲ့ ဒုတိယထပ်ရှိ လေအေးပေးစက်တစ်လုံးမှ မီးစလောင်ကျွမ်းခဲ့ပြီး အဆောက် အအုံတစ်ခုလုံးကို ပျံ့သွားခဲ့တာလို့ အသက်ရှင်သူတစ်ဉီးက ပြောပါတယ်။

၂၀၂၃ ခုနှစ်က အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်မှာ မင်္ဂလာဆောင်အခမ်းအနားတစ်ခု ၌ မီးလောင်ကျွမ်းခဲ့ရာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ကိုးကား – NHK
Ref; More than 60 killed in fire at Iraq shopping mall