ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ဝါရှင်တန်မြို့တော်သို့ မသွားရောက်မီ ရက်အနည်းငယ်အလိုမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ရေပိုင်နက်အတွင်း ရေကြောင်းဆိုင်ရာ လေ့ ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရေကြောင်းဆိုင်ရာ ပူးတွဲလေ့ကျင့်မှုမှာပါဝင် အမေရိကန်နိုင်ငံက ဒုံးတပ်ဖျက်သင်္ဘောတစ်စင်း၊ ရေကြောင်းကင်းလှည့်လေယာဉ်တစ်စင်း စေလွှတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ရေကြောင်းဆိုင်ရာ လေ့ ကျင့်မှုတွေဟာ လွတ်လပ်၊ ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသတစ်ခု ဖြစ်လာရေး ကတိကဝတ်ကို ထုတ် ဖော်ပြသတာလို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကိုဟန့်တားဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်လာနေစဉ် ဖိလစ်ပိုင်နဲ့အမေရိကန် ပူးတွဲ ရေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေ ပြုလုပ်တာပါ။

ဖိလစ်ပိုင်နဲ့တရုတ်ဟာ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်နယ်မြေ အငြင်းပွားနေတာ အချိန် ကြာမြင့်ပြီဖြစ်ပါတယ်။

အငြင်းပွားရေပိုင်နက်နဲ့ ကပ်လျက်တည်ရှိတဲ့ ပလာဝမ်ပြည်နယ်မှာ စစ်သင်္ဘောပြုပြင်ရေးစခန်း နှစ်ခု တည်ဆောက်ဖို့ အမေရိကန်ရဲ့ အဆိုပြုချက်တစ်ရပ်ကို ဖိလစ်ပိုင်နိုင်ငံက သဘောတူခဲ့ပါတယ်။

အဆိုပါ သဘောတူညီချက်ကြောင့် ဖိလစ်ပိုင်ရေတပ်မှ စစ်သင်္ဘောတွေကို ပြုပြင်၊ ထိန်းသိမ်းနိုင် တော့မယ်လို့ မနီလာမြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မေလအတွင်း တရုတ်သင်္ဘောတစ်စင်းက ဖိလစ်ပိုင် သုတေသနရေယာဉ်တစ်စင်းကို တိုက်မိကာ ရေအမြောက်နဲ့ ထိုးခဲ့တယ်လို့ ဖိလစ်ပိုင်က ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက အဆိုပါဖြစ်စဉ်အတွက် ဖိလစ်ပိုင် အပြစ်ဖို့ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Philippines, US hold maritime drills in South China Sea