ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင်စုဆောင်းထားရှိသော လူငယ်များကို ပြည့်သူစစ်မှုထမ်းအမှတ်စဥ် ၁၅ အဖြစ် ဇူလိုင် ၁၅ ရက်နေ့က သင်တန်းများသို့ စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။

တိုင်းအတွင်းမှလူငယ် ၂၀၀ခန့်ကို ဧရာ၀တီ ၊ရန်ကုန်၊ ပဲခူး စသည့် စစ်သင်တန်းများသို့ စစ်ကောင်စီမှလုံခြုံရေးရယူကာ ညနေပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

“ခုက ​ငွေပေးရင်တောင်မလိုက်ကြတော့လို့ အမည်ပါတယ်ဆိုပြီး စစ်ထဲပို့ခံလိုက်ရတဲ့သူများတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

သင်တန်းတက်ရောက်မည့်သူများကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်နှင့်စစ်တိုင်းမှူးမှ လာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတွင် တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့်ပြီးခဲ့သည့် ဇွန်လ ၁၈ရက်နေ့က လည်း လူငယ်များကို အပါတ်စဉ် ၁၄ အဖြစ်သင်တန်းပေးနေပြီး တစ်လမပြည့်ခင်
မှာပင် အပတ်စဉ် ၁၅ ကိုဖွင့်လှစ်ရန်လုပ်ဆောင်လာခြင်းဖြစ်သည်။

ယခင်စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းသို့ပို့ဆောင်ရာတွင် သေဆုံးမှုများရှိသဖြင့် ထွက်ပြေးတိမ်းရှောင်သူများလာသောကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် အကြောင်းမကြားပဲ အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းများသို့ ပို့ဆောင်နေခြင်းဖြစ်သည်။