
ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇူလိုင် ၁၀ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၃၉ တပ်ရင်းကို ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး သုံး လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ခလရ-၃၈ တပ်ရင်းသို့ ပစ်ခတ်ရာတွင် ရှော့တိုက်ဒုံး သုံး လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်၊ တပ်ရင်း လူပျိုဘားတိုက်များ မီးလောင်ခဲ့ ကြောင်းသိရပြီး အရာရှိ နှစ် ဦးအပါအဝင် ငါး ဦးသေဆုံးခဲ့ပြီး ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ) လက်လှမ်းမှီရာနေရာတွေကနေ စစ်ကြောင်းထိုးဖို့ အချိန်ပြည့်ကြိုးစားနေကြပါ တယ်။ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းထားတဲ့နေရာတွေကို ထိုးဖောက်ဖို့ နည်းမျိုးစုံ လုပ်နေကြပါတယ်။ ဒါပေမယ့် ဆက်မတိုးနိုင်ပါဘူး။ လက်နက်ကြီးနဲ့ရမ်းသန်းပစ်ပြီး မဲနေတာတွေ တော့ရှိပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) လက်အောက်ခံ ခလရ-၃၉ တပ်ရင်းသည် တော်လှန်ရေး နယ်မြေများသို့ စစ်ကြောင်းထိုးနေသည့် တပ်ရင်းတစ်ခုဖြစ်ပြီး စစ်ရေးလိုအပ်ချက်အရ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း BWM ကထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA တပ်မဟာ-၂၊ တပ်ရင်း-၅ နှင့် အတူ Brave Warriors for Myanmar (BWM)၊ Mountain Knights Civilian Defense Force(MKCDF)၊ 30 Anti-Coup People’s Liberation Force(ACPLF) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တောင်ငူမြို့နယ်အတွင်း ဇူလိုင် ၈ ရက်နေ့တွင်ပင် BWM နှင့်ပူးပေါင်းတပ်ဖွဲ့များသည် တောင်ငူလေတပ်စခန်းဌာနချုပ်ကိုလည်း ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်ကျွမ်းမှုများရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပေးပို့