ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် ကျေးရွာများမှ ဖိအားပေးခေါ်ယူထားသော ပြည်သူ့စစ်အဖွဲ့၀င်များကို မေ ၁၃ ရက်နေ့မှစတင်ပြီး စစ်အခြေခံသင်တန်းပေးနေကြောင်း ဒေသခံများထံက သိရသည်။

ကျေးရွာများတွင် အသက် ၃၅ နှစ်မှ ၆၀ နှစ်အတွင်းရှိ အမျိုးသားများကို ရပ်ရွာလုံခြုံရေးဟုဆိုကာ ခေါ်ယူပြီးစစ်သင်တန်းပေးနေခြင်းဖြစ်သည်။

“သူတို့ပြောတာတော့ ကိုယ်နေတဲ့ရွာကို လုံခြုံရေးလုပ်ဖို့ခေါ်တာလို့ပြောတာပဲ။ စစ်သင်တန်းတက်ပြီး သူတို့လိုတဲ့နေရာ ခေါ်သုံးမယ်ထင်တာပဲ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

အထောင်မြို့ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီမှ အခြေခံစစ်သင်တန်း ပေးနေခြင်းဖြစ်ပြီး သင်တန်းသားအင်အား ၅၀ ခန့်ရှိကာ သင်တန်းကာလတစ်လကြာမည်ဖြစ်ကြောင်းသိရသည်။

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အဂ်ပူမြို့နယ်များတွင်အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ အင်အားလုံလောက်မှုမရှိသောကြောင့် ပြည်သူများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူ့စစ်များဖွဲ့ရန် ဖိအားပေးခိုင်းစေနေခြင်းဖြစ်သည်။

#ဧရာဝတီတိုင်း #ကျုံပျော်မြို့နယ် #ပြည်သူ့စစ်များကိုစစ်သင်တန်းပေး #AA #ငါးသိုင်းချောင်း #လေးမျက်နှာ
#အင်္ဂပူ #Ayeyarwaddy_Times