
ဧရာဝတီတိုင်းမ်
မေ ၁၉ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်များ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
အင်္ဂပူအခြေစိုက်၊ တမာတောတန်းမြင့် လေ့ကျင့်ရေးကျောင်း တတက-၅ အနီးရှိ ဘန့်ဘွေးကုန်း တစ်ဝိုက်တွင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
“တမာတော လေ့ကျင့်ရေးကျောင်းနား ကပ်လာပြီ။ စစ်တပ်က စစ်ကူရော လေကြောင်းကနေရော တိုက်နေတယ်။ တော်လှန်ရေးတပ်တွေက ရှေ့ကို ပိုရောက်လာတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တတက- ၅ အတွင်းမှ စစ်ကူဆက်တိုက်ပို့လွှတ်နေသော်လည်း တော်လှန်ရေး တပ်များက ရှေ့တိုးလာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၁၅ရက်နေ့ကတည်းက တတက ၅အနီးကို စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေးမျက်နှာမြို့နယ်ရှိ ခြင်ကိုက်ကွင်း၊ အင်္ဂပူရှိ ဘယ်ပြားကုန်း၊ စာစီ ကုန်း ကွင်းကျေးရွာများကို ယမန်နေ့ မေ ၁၈ရက်တွင် စစ်ကောင်စီက Y12လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဘန့်ဘွေးကုန်းကျေးရွာဘက်တွင်သာ ထိတွေ့မှုရှိနေသော်လည်း စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကိုပါ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ-အင်တာနက်
#အင်္ဂပူ #တတက၅ #စစ်ကောင်စီ #တိုက်ပွဲဖြစ် #စစ်ကူပို့ #Ayeyarwaddy_Times