ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

မြန်မာ – ထိုင်းနယ်စပ်မှ ၂၅ ကီလိုမီတာအကွာရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းဆတ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် မြေရှားသတ္တုတွင်း နှစ်တွင်းဖြစ်ပေါ်နေပြီး စွန့်ပစ်ပစ္စည်းများကြောင့် နမ့်ခုတ်မြစ်ရေညစ်ညမ်းနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်( အရှေ့ပိုင်း) ၊မိုင်းခတ်မြို့၊ မိုင်း‌ယောင်းဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ယခုအခါ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ရှမ်းပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နိမ့်ခုတ် မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရကြောင်း ထုတ်ပြန် ချက်တွင်ပါဝင်သည်။

အဆိုပါ အကြောင်းအရာသည် နယ်စပ်ဖြတ်ကျော်သက်ရောက်မှုများရှိ၍ မြန်မာ – ထိုင်းနှစ်နိုင်ငံရှိ တာဝန်ရှိသူများ လျင်မြန်စွာစုံစမ်းရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

” ဒီအစီရင်ခံစာကို စစ်ကောင်စီ၊ ထိုင်းနိုင်ငံနဲ့ UWSA ကို သီးသန့်ပေးပို့ဖို့အစီအစဉ်မရှိပါဘူး။ မြေရှား သတ္တုတွင်းက အခုမှတွေ့တယ်။ အာဏာသိမ်းပြီးနောက်မှာ ရွှေတူးတာ၊ ကျောက်မီးသွေးနဲ့ အခြားသတ္တု တူးတာတွေ မရေတွတ်နိုင်အောင်များလာပါတယ်။ ဒေသခံ‌တွေသွားလို့မရဘဲ တရုတ်တွေပဲလုပ်နေတာ များတယ်။ နမ့်ခုတ်မြစ်ရေကို ထိုင်းမှာစစ်တာတော့ အာဆင်းနစ်နဲ့ မာကျူရီ (ပြဒါး)တွေ့တယ် ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် ဧ}ရာ၀တီတိုင်းမ်ကို ပြောသည်။ ‌

ဂြိုလ်တုဓာတ်ပုံမှတ်တမ်များအရ စစ်အာဏာသိမ်းထားချိန် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် မြေရှားသတ္တုတွင်းများကို ထင်ရှားစွာစတင်တွေ့ရှိကြောင်းသိရသည်။

မြေရှားသတ္တုတွင်းများကို နမ့်ခုတ်မြစ်အနီးတွင်တည်ဆောက်ထားသဖြင့် စွန့်ပစ်ပစ္စည်းဓာတုရည် များကြောင့် ရေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး မြစ်အောက်ပိုင်းနေထိုင်သူ ဒေသခံပြည်သူ တစ်သန်းကျော် ကျန်းမာရေးထိခိုက်မည်ကိုစိုးရိမ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်သည်။

အဆိုပါမြေရှားသတ္တုတွင်းတည်ရှိရာ မိုင်းယွန်းဒေသသည် စစ်ကောင်စီနှင့် ဝ UWSA တို့ပူးပေါင်း ထိန်းချုပ်ရာဒေသဖြစ်သည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်း၌ တရုတ်ကုမ္ပဏီများက အခွန်မပေးနိုင်ဟုဆိုကာလုပ်ငန်းအချို့ရပ်နားထားကြောင်း သိရသည်။

ဓာတ်ပုံ – ဂြိုဟ်တုဓာတ်ပုံ ( SHRF)
#UWSAထိန်းချုပ်ရာဒေသ #မြေရှားသတ္တုတူးဖော် #နမ့်ခုတ်မြစ်ရေညစ်ညမ်း #ဒေသခံများထိခိုက် #Ayeyarwaddy_Times