
ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် လေးနှစ်တာကာလတွင် စစ်ကိုင်းတိုင်းရှိ အိုးတိန်တွင်းရွာ ဖြစ်စဉ်ကဲ့သို့ ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၈၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း ယမန်နေ့ မေ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်း ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီ၏ အဆိုပါအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် အရပ်သား ၁၅၉၈ ဦးသေဆုံးခဲ့ပြီး ဖြစ်စဉ် ၁၁ ခုမှာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွာခဲ့ပြီး ၎င်းတို့အနက် မေ ၁၂ ရက်နေ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကလေးငယ် ၂၁ ဦးနှင့် ဆရာမနှစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
၁၀ဦး နှင့် အထက် သေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် လေကြောင်းတိုက်ခိုက် မှုအပြင် စစ်ကြောင်းထိုးသတ်ဖြတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ ကြောင့် သေဆုံးခြင်းတို့လည်းပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်နေ့က ပြင်းထန်စစ်ကိုင်းငလျင်လှုတ်ခတ်ခဲ့ သော်လည်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အပစ်ခတ်ရပ်စဲရေးကြေညာထားသော်လည်း ဆက်လက်လုပ်ဆောင် ခဲ့ပြီး ၇၄၁ ကြိမ်ထက်မနည်းရှိကာ ကချင်ပြည်နယ်သို့ ၂၄၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီက အာဏာသိမ်းထားသည့် လေးနှစ်တာကာလတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များ ကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၉၄၄၃ ဦးအထိရှိလာပြီး ၂၀၂၄ ခုနှစ်တွင် ၃၅၅၅ ဦးသေဆုံးခဲ့ပြီး ၂၀၂၅ နှစ်စမှ လေးလကျာ်ကြာကာလအတွင်း ၉၇၆ ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်းလည်း ISP Myanmar အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ- စစ်ကောင်စီက ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ နှင့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာတို့ကို လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့မြင်ရစဉ်
#စစ်ကောင်စီ #အစုလိုက်အပြုံလိုက်သတ်ဖြတ် #အိုးတိန်တွင်းရွာ #လေကြောင်းတိုက်ခိုက် #အရပ်သားသေဆုံး #Ayeyarwaddy_Times