ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

ဧရာ၀တီတိုင်း၊သာပေါင်းမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားလေးဦးကို ကို PDFထောက်ပံ့ရန် ပစ္စည်းများသယ်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီမှ မေ ၆ ရက်နေ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း-သဲဖြူ ကားလမ်း ခုနှစ်မိုင်မိုင်တွင် စစ်ကောင်စီတပ်နှင့် ရဲများမှ ဓါတ်ဆီနှင့်စားသောက်ကုန်များသယ်ဆောင်လာသူ ဆိုင်ကယ်ကယ်ရီ အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့က စားသောက်ကုန်လေးတွေကို ရွှေသောင်ယံဘက်ကို ပိုက်ဆံယူပြီးသယ်ပို့ပေးတာပါ။ အဲ့ဘက်ကဒေသခံတွေမှာလို့ ပို့တာ ထောက်ပို့တွေမဟုတ်ဘူး”ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ သာပေါင်းဒေသခံ သုံးဦးပါ၀င်ပြီး လက်ရှိတွင်သာပေါင်းမြို့မရဲစခန်းတွင်ရိုက်နှက်စစ်ဆေးနေကာ မိသားစုနှင့်တွေဆုံခွင့်မပေးကြောင်းသိရသည်။

သာပေါင်း-မကျီးဇင် ကားလမ်းအနီးကျေးရွာများတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆီနှင့်ဆေးဝါးများကို ထောက်ပံ့ပို့ဆောင်သည်ဟုဆိုကာ ကန့်သတ်စစ်ဆေးနေကြောင်း

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင်လည်း အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

#သာပေါင်း #ဆိုင်ကယ်ကယ်ရီသမား၄ဦး #PDFထောက်ပို့ဟုဆိုကာ #ဖမ်းဆီးထား #Ayeyarwaddy_Times