
အဆိုပါ အခမ်းအနားသို့ တရုတ်သမ္မတရှီကျင့်ဖျင့်ပါ တက်ရောက်မည််
ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
ရုရှားနိုင်ငံ၏မြောက်ကမ္ဘာစစ်ပွဲအနိုင်ရမှု နှစ် ၈၀ ပြည့်အခမ်းအနားကို လာမည့် မေလ ၉ ရက်နေ့တွင် မော်စကိုမြို့ရှိ Red Square တွင် အထိမ်းအမှတ် စစ်တပ်ပြပွဲကျင်းပမည်ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် အဆိုပါအခမ်းအနားကို တက်ရောက် ရန်အတွက် ယနေ့ မေ ၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်တပ်လေဆိပ်မှ ထွက်ခွာသွားကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
ယင်းအခမ်းအနားကို စစ်ကောင်စီနှင့်နီးကပ်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင့်လည်း တက်ရောက်မည်ဖြစ်ပြီးဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါအထိမ်းအမှတ်ပွဲကို တရုတ်၊ ဘရာဇီး၊ စလိုဗက်ကီးယား၊ ဆားဘီးယားနှင့် အစ္စရေးနိုင်ငံတို့မှ ခေါင်းဆောင်များကိုဖိတ်ကြားထားပြီး အမေရိကန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများကို ဖိတ်ကြား ခြင်းမရှိကြောင်း သိရသည်။
ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံသည် ရုရှား၏ စစ်ရေးပြသမှုကိုတုံ့ပြန်ရန်အတွက် မေလ ၉ ရက်နေ့မှာပင် ကိတ်မြို့၌ ယူကရိန်နှင့်ဥရောပသမဂ္ဂနိုင်ငံများသံတမန်ဆက်ဆံရေးပွဲ လုပ်မည် ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါရုရှားခရီးစဉ်တွင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ စစ် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီးအပါအဝင် စစ်ဘက်အရပ်ဘက်တာဝန်ရှိသူများ လိုက်ပါသွားကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
ထို့ပြင် စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် ရုရှားနိုင်ငံ၏ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ ဖိတ်ကြားချက်အရလိုက်ပါသွားရောက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာ – ရုရှားနှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမဟာဗျူဟာမြောကိပူးပေါင်းဆောက်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထား ပြီး လက်ရှိတွင် ပြည်တွင်းရုပ်သံလိုင်းများအနက် Fortune TV ရုပ်သံလိုင်းမှ ရုရှားဇာတ်သံဇာတ်လမ်းများထုတ်လွင့်နေကြောင်း သိရသည်။
ဓာတ်ပုံ – MRTV
#ရုရှားစစ်ရေးပြပွဲ #စစ်အောင်နိုင်မှုနှစ်၈၀ပြည့်ပွဲ #စစ်ခေါင်းဆောင်သွားရောက် #တရုတ်သမ္မတ #တက်ရောက်မည် #Ayeyarwaddy_Times