
ဧရာဝတီတိုင်းမ်
မေ ၄ ရက်
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယတြာအစီရင်တစ်ခု မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ကြရန် စစ်ကောင်စီထံမှ ညွှန်ကြားစာ ရောက်ရှိထားကြောင်း သိရသည်။
ထီးလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ ရောက်လေရာအရပ်တွင် ကံ့ကော်ညွန့် ၁၅ ညွန့်နှင့် ဆီးယိုဘုရားမှာ ကပ်လှူကြရန် အထက်ဌာနတစ်ခု၏ ညွှန်ကြားစာရရှိ ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့ နယ်ထဲမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်းတွေ အထက်ဌာနကနေ အစီအရင်တစ်ခု ဆောင်ရွက်ဖို့ အမိန့်တစ်ခု ရောက်လာပါတယ်။ ရောက်ရာအရပ်မှာ ကံ့ကော်ညွန့် ၁၅ ညွန့်နဲ့ ဆီးယိုကို ဘုရားကပ်ရန်ဖြစ်ပါတယ်”ဟု ယောအလင်းတန်းတွင်လည်း ဖော်ပြ ထားသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ထီးလင်းမြို့နယ်အတွင်း ရေမျက်နီကျေးရွာနှင့် ထီးလင်းမြို့ပေါ်နေရာတို့ တွင်သာ တပ်ဖွဲ့ဝင်များ တပ်စွဲကျန်ရှိနေဆေကြာင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ စစ်ကိုင်းအတွင်းမှ ကောလင်း၊ မကွေးတိုင်းအတွင်းမှ စလင်း၊ ထီးလင်း၊ ရှမ်းမြောက်တွင် နောင်ချို၊ ကချင်ပြည်နယ်တွင် ဖားကန့်မြို့ တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
လားရှိုးကို ရပြီးနောက် TNLA ထိန်းချုပ်ဒေသများဖြစ်သည့် မိုးကုတ်ကိုပါ စစ်ကောင်စီက လိုချင်နေပြီး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် ဆက်စပ်ဒေသများရှိ နယ်မြေများကိုပါ ဗုံးကြဲတိုက် ခိုက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-အင်တာနက် (ပုံဟောင်း)
#မကွေး #ထီးလင်း #အစီအရင်လုပ်ဆောင် # စစ်ကောင်စီညွှန်ကြား #Ayeyarwaddy_Times