ဧရာဝတီတိုင်းမ်
မေ ၃ ရက်

အမေရိကန်နိုင်ငံရဲ့ လက်တုံ့ပြန် စည်းကြပ်ခွန် သတ်မှတ်မှုနဲ့ မြန်မာ့အရေး အပါအဝင် ဒေသ တွင်းကိစ္စရပ်တွေ ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ စုပေါင်းအဖြေရှာခြင်း အရေးပါမှုကို မလေးရှားနိုင်ငံက အလေးထားခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

မေလ ၁ ရက်က အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တို၊ ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်ဘိုကီး ယား၊ လာအိုဝန်ကြီးချုပ် ဆွန်ဇေဆီဖန်ဒုံတို့နဲ့ ဖုန်းပြောဆိုမှုတွေအတွင်း အာဆီယံဒေသ ဘုံအကျိုးစီး ပွားကို ထိခိုက်စေတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

“အဖွဲ့ဝင်နိုင်ငံအားလုံးကိုယ်စား စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ရာမှာ အာဆီယံဒေသရဲ့ စုပေါင်းအသံ ကို မလေးရှားနိုင်ငံက ထုတ်ဖော်ပြောဆိုပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

တူညီရပ်တည်ချက် မြှင့်တင်ဖို့နဲ့ ဒေသရဲ့ ရေရှည်အကျိုးစီးပွားကို ကာကွယ်မယ့် စည်းလုံးမှုစိတ် ဓာတ်ကို ညီညွတ်စွာ ပြုမူလုပ်ဆောင်ဖို့ အာဆီယံအဖွဲ့က လိုအပ်တယ်လို့ အန်ဝါက ထောက်ပြပါတယ်။

မကြာသေးမီက ဗန်ကောက်မြို့မှာ စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုး သားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းတို့နဲ့ တွေ့ဆုံခဲ့တာကိုလည်း ၎င်းက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ အာဆီယံဒေသ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ တွေ့ ဆုံဆွေးနွေးမှု မြှင့်တင်မယ့် မလေးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုကို ဘရူနိုင်း၊ လာအိုနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ထောက်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – The Sun
Ref; Collective ASEAN approach crucial to protecting regional interests – Anwar

#Ayeyarwaddy_Times