ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်

တရုတ်နဲ့ဗီယက်နမ်တို့ဟာ တစ်ဖက်သတ် ကြီးနိုင်ငယ်ညှဉ်းပြုလုပ်နေမှုကို ပူးတွဲ ဆန့်ကျင်သင့် တယ်လို့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်နဲ့ ဆွေးနွေးစဉ် တရုတ်သမ္မတ ရှီ ကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ဗီယက်နမ်နိုင်ငံမှာ တိုလမ်နဲ့ တွေ့ဆုံစဉ် ရှီကျင့်ဖျင်က အခုလို မှတ်ချက်ပြုခဲ့တာ လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှီကျင့်ဖျင်ဟာ ယခုနှစ်အတွင်း ပထမဆုံးသော ပြည်ပခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက် နမ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးပွတ်တိုက်မှု အရှိန်မြှင့်နေပြီး နှစ်နိုင်ငံစလုံးက အပြန်အ လှန် စည်းကြပ်ခွန်တွေ သတ်မှတ်နေချိန်မှာ ၎င်းတို့နှစ်ဉီး အခုလို ဆွေးနွေးခဲ့ကြတာပါ။

တရုတ်နဲ့ဗီယက်နမ်ဟာ ဉာဏ်ရည်တုနည်းပညာ၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် နယ်ပယ်စုံ မှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူခဲ့ပြီး သဘောတူညီချက် ၄၅ ခုကို လက်မှတ်ရေးထိုးခဲ့ပါ တယ်။

အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေး ပွတ်တိုက်မှု အကျိုးသက်ရောက်မှုတွေ လျှော့ချဖို့ တရုတ်နိုင်ငံ ဟာ အဓိက ကုန်သွယ်ဘက်တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။

အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဗီယက်နမ်ခရီးစဉ်ပြီးပါက ရှီကျင့်ဖျင်ဟာ မ လေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မယ်လို့ သိရပါတယ်။


တရုတ်နိုင်ငံအတွက် အာဆီယံအဖွဲ့ဟာ အမေရိကန်နိုင်ငံထက် ပိုမိုကြီးမားတဲ့ ကုန်သွယ်ဖက် တစ်ခု ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Xi: China, Vietnam must jointly oppose ‘bullying’ amid trade friction with US

#Ayeyarwaddy_Times