ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့အထွက်လမ်းပေါ်တွင် နို၀င်ဘာ ၁၈ ရက်နေ့လည်ပိုင်းက ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။

တိမ်းမှောက်ခဲ့သောကားမှာ မိဘဂုဏ်ရည် ခရီးသည်တင်ကားဟု သိရှိရပြီး ပုသိမ်မှကန်ကြီးထောင့်သို့ ထွက်ခွာလာစဉ်မြို့အထွက်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“ဒိုင်နာကားတွေ လမ်းအရှင်းကြီးကို အရမ်းမောင်းတာ သတိထားသင့်တယ်။ ကားမှောက်တာသွားကြည့်တာ သေဆုံးသူတော့မတွေ့ဘူး “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယာဥ်တိမ်းမှောက်မှုတွင် ယာဥ်မောင်း၊ ယာဥ်နောက်လိုက် နှင့် ခရီးသည်စုစုပေါင်း ခြောက်ဦးခန့် ဒဏ်ရာအချို့ရရှိသွားပြီး ဒဏ်ရာပြင်းထန်သူမရှိကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရှိရသည်။

#ပုသိမ် #ကန်ကြီးထောင့် #ခရီးသည်တင်ယာဥ် #ခရီးသည်အချို့ဒဏ်ရာရ #မိဘဂုဏ်ရည် #Ayeyarwaddy_Times