ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ပလီကင်ပါတီမှ ဒေါ်နယ်ထရမ့်ဟာ ၄၇ ကြိမ်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါပြီ။
ရီပတ်ပလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အထူးကိုယ်စားလှယ်မဲ ၂၇၇ မဲအထိ ရရှိခဲ့ပြီး ဒီမိုကရက်ပါတီ သမ္မတလောင်း ကာမဲလာဟားရစ်က ၂၂၄ မဲ ရရှိထားတယ်လို့ ရွေးကောက်ပွဲအချက်အလက်တွေအရ သိရပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲမှာ သူအနိုင်ရရှိသွားပြီလို့ ဒေါ်နယ်ထရမ့်က အစောပိုင်းကတည်းက ကြေညာခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ကြိမ်မြောက် သမ္မတအဖြစ် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၂၀၂၁ သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်ရာ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာ တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ရာထူးကနှုတ်ထွက်ခဲ့ရသူ တစ်ဦးရှိပါတယ်။ သူကတော့ ရစ်ချတ်နစ်ဆင်ဖြစ်ပြီး “ဝါးတားဂိတ်” အရေးအခင်းကို ဂျာနယ်လစ်နှစ်ယောက်က ဦးဆောင်ဖော်ထုတ်နိုင်ခဲ့လို့ပါ။
#ဒေါ်နယ်ထရမ့်က #ကာမဲလာဟားရစ်ကို #အနိုင်ရပြီး #၄၇ကြိမ်မြောက် #အမေရိကန်သမ္မတဖြစ်လာ #Ayeyarwaddy_Times