ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က ရခိုင်ပြည်နယ်ဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကိုပြန်လည်ဖမ်းမိသွားကြောင်း သတင်းရရှိသည်။
“ပြေးလာတာ သတင်းကြိုရလို့ထင်တယ် ၊စက်လှေဆိပ်ကနေ စောင့်ဖမ်းတာ ကောင်လေးနှစ်ယောက်ကိုစစ်ပြေးတွေဆိုပြီး ရဲတွေအင်အားအများကြီးနဲ့ စောင့်ဖမ်းကြတာ။ ရခိုင်မှာ မတိုက်ရဲလို့ ထွက်ပြေးလာကြတာအများကြီးပဲလို့ သတင်းတွေလဲထွက်နေတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခုဖြစ်စဉ် မဖြစ်ခင် အောက်တိုဘာ တတိယပါတ်အတွင်းကလည်း ရခိုင်ရိုးမနှင့်ထိစပ်နေသော သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ပြေးများခိုအောင်းနေသည်ဟုဆိုကာ စစ်ကြောင်းထိုးရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တပ်တော်AAနှင့်တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ အင်အားလိုအပ်ချက်ရှိသည့်အတွက် ဧရာ၀တီတိုင်းမှ စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကူစေလွှတ်နေခြင်းဖြစ်ပြီး အဆိုပါသင်တန်းဆင်းများသည် တိုက်ပွဲတွင် သေဆုံးမှုများလာသောကြောင့် ထွက်ပြေးကြခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။
#သာပေါင်းမြို့နယ် #ရခိုင်ပြည်နယ်
#စစ်ကောင်စီတပ်သားအချို့ #ပြန်လည်ဖမ်းဆီးခံရ
#Ayeyarwaddy_Times