ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

ဧရာ၀တီတိုင်း၊မော်လမြိုင်ကျွန်းမြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်ဖမ်းဆီးခြင်းကို စီမံချက်ဖြင့်လုပ်ဆောင်နေပြီး ဥပဒေအရအရေးယူခြင်းထက် ငွေအဆမတန် တောင်းခံခြင်းများကို ပြုလုပ်နေကြောင်း သိရှိရသည်။

မြို့အ၀င်ဂိတ် ၊ လမ်းဆုံများတွင် စစ်ကောင်စီတပ်၊ ရဲ၊ယာဥ်ထိန်းနှင့် ပြည်သူ့စစ်များ က ဆိုင်ကယ်များကို စစ်ဆေးနေပြီး အချက်အလက်မပြည့်စုံပါက သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ကာငွေတောင်းခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်ရော လူပါရဲစခန်းတစ်ခါထဲ ခေါ်သွားတာ။ ဟိုကျ ထောင်ချမယ် ဆိုပြီးခြိမ်းခြောက်၊ ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး ငါးသိန်းကနေ ၁၀သိန်းထိပေးမှ ပြန်လွှတ်နေတာကြာပြီ။ စစ်တပ်ရယ်ရဲရယ်ပေါင်းစားနေကြတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧရာ၀တီတိုင်းရှိ ကညန ရုံးများတွင် လိုင်စင်လျှောက်ထားခွင့်များ ပိတ်ထားပြီး ဆိုင်ကယ်ရောင်းချသောဆိုင်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်းကို ခွင့်ပြုထားသော်လည်း ပြည်သူများကို ဖမ်းဆီးငွေညှစ်နေနေခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးပိုင်းမှ စစ်ကောင်စီဝန်ထမ်းများသည် လိုင်စင်မဲ့ဆိုင်ကယ်များစီးနင်းနေကြပြီး ပြည်သူများကိုသာ ဖမ်းဆီးငွေတောင်းနေသည့်အတွက် မျှတကြောင်း ပြည်သူများက ဝေဖန်နေကြခြင်း ဖြစ်သည်။

#မော်လမြိုင်ကျွန်းမြို့ #စစ်ကောင်စီ #ဆိုင်ကယ်ဖမ်းဆီးရေးစီမံချက် #ငွေသိန်းချီတောင်း #Ayeyarwaddy_Times