ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်နဲ့ ငွေကြေးရရှိမှုတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ကြောင်း ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့က ကြေညာလိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အရေးယူမှုကြောင့် မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် ဆိုးရွားသော လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ထိန်းချုပ်ရာမှာ အထောက်အကူပြုစေမယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့ ကုမ္ပဏီ (၆) ခုဟာ မြန်မာစစ်တပ်ထံ လေယာဉ်ဆီနဲ့ ကန့် သတ်ပစ္စည်းတွေ ထောက်ပံ့မှုမှာ ပါဝင်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာရနှင့် နိုင်ငံတကာဖွံ့ဖြိုး ရေးရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာစစ်တပ်သို့ စစ်လက်နက်ရောင်းချမှုနဲ့ ငွေကြေးထောက်ပံ့မှု ကန့်သတ်နိုင်ဖို့ ဗြိတိန်နိုင်ငံက မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဗြိတိန်နိုင်ငံဟာ ပေါင် သန်း ၁၅၀ ကျော်တန်ကြေးရှိ လူသားချင်းစာ နာမှု အကူအညီ၊ ကျန်းမာရေး၊ ပညာရေး၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဒေသခံအသိုင်းအဝိုင်းတွေကို မြန် မာနိုင်ငံသို့ ပေးအပ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတေွ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်သင့်ခံနိုင်စရာမရှိဘဲ အပြစ်မဲ့ အရပ်သားတွေအပေါ် အကျိုးသက်ရောက်မှုဟာ သည်းခံနိုင်စရာမရှိဘူးလို့ ဗြိတိန် အာရှ-ပစိဖိတ်ရေးရာ ဝန်ကြီး ကက်သရင်းဝက်စ်က ဆိုပါတယ်။

“ဒါကြောင့် မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ လေယာဉ်ဆီတင်ပို့သူတွေကို ပစ်မှတ်ထားတဲ့ ဒဏ် ခတ်ပိတ်ဆို့မှုတွေကို ဗြိတိန်နိုင်ငံက ထပ်မံ ကြေညာတာပါ” လို့ ၎င်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာစစ်တပ်ကို ဖိအားပေးမှာဖြစ်ပြီး မြန်မာပြည်သူတွေ၊ ၎င်းတို့ရဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ် မျှော်မှန်းချက်တွေအတွက် ပံ့ပိုးကူညီမယ်လို့ သူက ဆက် ပြောပါတယ်။

ကိုးကား – https://www.gov.uk/government
Ref; UK, EU and Canada impose new sanctions targeting Myanmar military regime and its associates

#Ayeyarwaddy_Times