ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ယူကရိန်းကျူးကျော်စစ်ပွဲမှာ တရုတ်နိုင်ငံရဲ့ ရုရှားကို ပံ့ပိုးကူညမှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပေကျင်းခရီးစဉ်အတွင်း ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေက ရုရှားစစ်တပ်သို့ စစ်လက်နက်တွေ ထောက်ပံ့တာ ပိတ်ပင်ဖို့ ဒေးဗစ်လမ်မီ က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ တိုက် တွန်းခဲ့ပါတယ်။

ဇူလိုင်လမှာ လေဘာအစိုးရ အာဏာရရှိလာပြီးနောက် တရုတ်နိုင်ငံသို့ ဗြိတိန်အစိုးရဝန်ကြီးတစ် ဉီးရဲ့ ပထမဆုံးခရီးစဉ်အတွင်း အခုလို မှတ်ချက်ပြုခဲ့တာပါ။

သူ့ရဲ့ (၂) ရက်ကြာ ခရီးစဉ်ဟာ သူလျှိုလုပ်မှု စွပ်စွဲချက်တွေကြောင့် မကြာသေးမီနှစ်တွေအတွင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအေးစက်ခဲ့တာကို ပြန်လည်ကောင်းမွန်ဖို့၊ ယူကရိန်းစစ်ပွဲအတွင်း တရုတ်ရဲ့ ရု ရှားသို့ ပံ့ပိုးကူညီမှုနဲ့ ဟောင်ကောင်ရှိ အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖြိုခွင်းမှုတွေကို ဆွေးနွေးဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတာ လက်တွေ့ကျပြီး လိုအပ်တယ်လို့ ဗြိတိန်အစိုးရက ထုတ် ဖော်ပြောခဲ့ပေမယ့် ရုရှား၊ ဟောင်ကောင်နဲ့ ရှင်းကျန့်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုး ရိမ်မိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့တာ ဉရောပတိုင်းပြည်တွေနဲ့ ဆက်ဆံရေး ကို ထိခိုက်စေပြီး ယူကရိန်းကျူးကျော်စစ်ကို တာရှည်စေတယ်လို့ ဒေးဗစ်လမ်မီက ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေ ရုရှားစစ်တပ်သို့ စစ်လက်နက်တွေ ထောက်ပံ့တာကို စုံစမ်းစစ်ဆေးပြီ ဟန့် တားမယ့် အစီအမံအားလုံး လုပ်ဆောင်ဖို့ ၎င်းက ဝမ်ယိကို တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်နိုင်အောင် ရုရှားနိုင်ငံကို ကူ ညီခဲ့တဲ့ တရုတ်ကုမ္ပဏီနှစ်ခုကို အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ကိုးကား – AP
Ref; UK FM warns China that arming Russia will damage relations with Europe

#Ayeyarwaddy_Times