
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ထိုင်းနိုင်ငံနိုင်ငံ တောင်ပိုင်း ချွန်ပွန်ပြည်နယ်၊ လန်ဆန်ခရိုင်ရှိ ဘုရားကျောင်းတစ်ခု အနီးတွင် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့၌ ရိုဟင်ဂျာ ၁၀ဦးကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံသား နှစ်ဦးကို လူမှောင်ခိုကူးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စုံစမ်းမှုများအရ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှတဆင့် မလေးရှားနိုင်ငံသို့သွားမည့် ရိုဟင်ဂျာ ၂၆ ဦးကို ပစ်ကပ်ထရပ်ကားဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ပြီး နှစ်ဦးမှာ အသက်ရှုကြပ်ကာ သေဆုံးခဲ့သည်ကို ကားသမားများမှ တွေ့ရှိပြီးနောက် ကျန်သည့်ကားထဲ ပိတ်မိကာ မွန်းကြပ်နေသူ ရှစ်ဦးနှင့်အတူ စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။
စွန့်ပစ်ခံခဲ့ရသည့် ရိုဟင်ဂျာ ဆယ်ဦးမှာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့ထဲမှာ နှစ်ဦးမှာ အသက်ရှုပ်ကြပ်ကာ သေဆုံးနေပြီဖြစ်ကာ နောက်တစ်ဦးမှာလည်း ဆေးရုံသို့ ပို့ဆောင်နေစဉ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
လန်ဆန်ရဲစခန်းမှူးမှ တရားမဝင်လူကုန်ကူးမှုဖြစ်စဉ်တွင် ပါဝင်သူ သုံးဦးကို ဖမ်းဆီးရန်အချက်အလက်များစု ဆောင်းနေပြီး သံသယရှိသူ နှစ်ဦးကို ပစ်ကပ်ထရပ်ကားနှင့်အတူ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လန်ဆန်ရဲစခန်းမှူးမှ ပြောဆိုထားသည်။
အဆိုပါရိုဟင်ဂျာ ၂၆ ဦးကို ပြီးခဲ့သည့် တနင်္လာနေ့က မဲဆောက်မြို့မှ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များ၏ စစ်ဆေးမှုမှ ရှောင်ရှားရန် လူကုန်ကူးသူများက ကင်းထောက်ကားများအပါအဝင် ယာဉ်အမျိုးမျိုးကို အသုံးပြုခဲ့ ကြောင်းလည်းသိရသည်။
မလေးရှားသို့ သွားရောက်မည့်ရိုဟင်ဂျာ ၂၆ ဦးမှာ မူလက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှဖြစ်ပြီး သွားလာရမည့် ခရီးစရိတ်မတက်နိုင်သည့်အတွက် မဲဆောက်မြို့မှတစ်ဆင့် မလေးရှားသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကိုးကား – Bangkok Post
Ref;Rohingya smugglers nabbed after bodies found
#ရိုဟင်ဂျာ #သေဆုံး #Ayeyarwaddy_Times