ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
THAAD လို့ လူသိများတဲ့ အမေရိကန် ဒုံးကျည်ဖျက်စနစ်တစ်ခုရဲ့ အစိတ်အပိုင်းတွေ စစ်ဘက် တပ်ဖွဲ့ဝင်အချို့နဲ့အတူ အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အီရန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံက တိုက်ခိုက်နိုင်မှုကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ် အခုလို THAAD ဒုံးဖျက်စနစ် အမေရိကန်နိုင်ငံက ပေးပို့တာပါ။
“အစ္စရေးနိုင်ငံကို ကာကွယ်ပေးဖို့နဲ့ အမေရိကန်ပြည်သူတွေကို အီရန်၊ အီရန်ကျောထောက် နောက်ခံပြု စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးမယ့် အမေရိကန်စစ်တပ်ရဲ့ ဆုံးဖြတ် ချက်နဲ့အညီ ဒုံးခွင်းစနစ်ကို ပေးပို့ခဲ့တာပါ” လို့ ပင်တဂွန် သတင်းထုတ်ပြန်ရေးအဖွဲ့ ဒုတိယအကြီးအကဲ ဆာဘရီနာဆင်းဂျ်က ပြောပါတယ်။
အစ္စရေးနိုင်ငံသို့ THAAD ဒုံးဖျက်စနစ်နဲ့ တပ်ဖွဲ့ဝင်တွေ ပေးပို့ကာ မကြာမီ အဆိုပါဒုံးခွင်းစနစ် ကို အသုံးပြုမယ်လို့ ပင်တဂွန်က ပြောပါတယ်။
THAAD ဒုံးဖျက်စနစ်ဆိုတာ ဒုံးကျည်တွေကို ကျည်ဖူးတွေနဲ့ပစ်ခတ်ပြီး ဖျက်ဆီးတဲ့ လေ ကြောင်းရန်ကာကွယ်ရေးစနစ်တစ်မျိုး ဖြစ်ပါတယ်။
အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တော့မယ့်အကြောင်း အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အကြောင်းကြားပြီးပြီလို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။
အောက်တိုဘာလ ၁ ရက် အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ နေတန်ယာဟုက အ စောပိုင်းမှာ ကတိပြုခဲ့ပါတယ်။ အစ္စရေးက အစီအစဉ်အတိုင်း ရှေ့ဆက်လုပ်ဆောင်ရင် ပြန်တိုက်ခိုက် မယ်လို့ အီရန်က ပြောပါတယ်။
ကိုးကား – NHK
Ref; US ships THAAD anti-missile system to Israel
#Ayeyarwaddy_Times