ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

အင်ဒိုနီးရှားနိုင်ငံဟာ မကြာသေးမီက ဂျကာတာမြို့တော်မှာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေ ကြား အစည်းအဝေးတစ်ခုနဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးကို လက်ခံကျင်း ပခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုကို ဆက်လက် ထောက်ခံဖို့ ရတ်နိုမာဆူဒီက အာဆီယံအဖွဲ့ကို ဖိတ်ကြားခဲ့ပြီး ဘုံသဘောတူ ညီချက် (၅) ရပ် ဖော်ဆောင်ရေး နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုက အရေးပါတယ်လို့ ဆိုပါတယ်။

ရတ်နိုမာဆူဒီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို သတင်းစကားပါးခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်မှာ လူမှောင်ခိုကူးမှုပြဿနာတွေ ဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ အရေးပါ မှုနဲ့ မြန်မာပြည်သူတွေသို့ လူသားချင်းစာနာမှု အကူအညီပေးဖို့ ဖြစ်ပါတယ်။

“အာဆီယံအဖွဲ့ရဲ့ အနာဂတ်အောင်မြင်မှုကို ဒေသတွင်း တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေး ထိန်းသိမ်း တာ၊ စည်းလုံးညီညွတ်မှု ပြသတာနဲ့ အဖွဲ့အစည်းမူဘောင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်တာလိုမျိုး ရှိ ယင်းစွဲ စိန်ခေါ်မှုတွေကို အာဆီယံအဖွဲ့က ဘယ်လိုတုံ့ပြန်သလဲဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေကြား စည်းလုံးညီညွတ်မှုနဲ့ ပေါင်းစည်းမှု အားကောင်းလာတာက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အာဆီယံအဖွဲ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတစ်ခုလို့ ၎င်းက ပြောပါတယ်။

ကိုးကား – Antara News
Ref; RI FM spotlights greater solidarity, integration between ASEAN nations
#Ayeyarwaddy_Times