
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
အရှေ့အလယ်ပိုင်းဒေသမှာ ရာဇဝတ်မှုတွေ ထပ်မံ မကျူးလွန်ဖို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီ ယန်က အစ္စရေးနိုင်ငံကို သတိပေးလိုက်ပါတယ်။
တီဟီရန်မြို့တော်မှာကျင်းပတဲ့ ကြီးမားသော စစ်ရေးပြပွဲတစ်ခုမှာ သူက မိန့်ခွန်းတစ်ခုအတွင်း အခုလို ပြောကြားခဲ့တာပါ။
အီရန်နိုင်ငံက ၁၉၈၀ ပြည့်နှစ်မှာစတင်ခဲ့တဲ့ အီရန်-အီရတ်စစ်ပွဲဖြစ်ပွားမှု နှစ်ပတ်လည်နေ့အ ထိမ်းအမှတ် စစ်ရေးပြပွဲတွေကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။
တီဟီရန်မြို့မှာ စနေနေ့ကပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့ ပထမဆုံးအ ကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ပါဝင်ခဲ့ပါတယ်။
Shahed-136B ဒရုန်းဟာ အကွာအဝေး ကီလိုမီတာ ၄၀၀၀ ကျော်အထိ စစ်ဆင်ရေး ဆောင်ရွက် နိုင်တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။
စည်းလုံးညီညွတ်မှုရှိပါက အစ္စရေးနိုင်ငံက ဒေသတွင်းမျာ ရာဇဝတ်မှုတွေ လုပ်ဆောင်နိုင်မှာမ ဟုတ်ဖူးလို့ မာစွပ်ပီဇက်ကီယန်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောပါတယ်။
ဇူလိုင်လအတွင်း တီဟီရန်မြို့တော်မှာ ထိပ်တန်း ဟားမာစ်အဖွဲ့ခေါင်းဆောင်တစ်ဉီးကို အစ္စရေး ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို လက်စားချေမယ်လို့ အီရန်နိုင်ငံက ကတိပြုထားပါတယ်။
ဆက်သွယ်ရေးပစ္စည်းတွေပါဝင်တဲ့ မကြာသေးမီက လက်ဘနွန်နိုင်ငံမှာ ပေါက်ကွဲမှုတွေအတွက် အီရန်က အစ္စရေးကို အပြစ်ဖို့ခဲ့ပါတယ်။
အီရန်နိုင်ငံကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေမှာ အရှေ့အလယ်ပိုင်းဒေသရှိ စစ်သွေးကြွအဖွဲ့တွေ ပါဝင်နိုင်တယ်လို့ အီရန်နိုင်ငံက အ ရိပ်အမြွက်ပြောခဲ့ပါတယ်။
ကိုးကား – NHK
Ref; Iran stages military parade amid tensions with Israel
#Ayeyarwaddy_Times