ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

အမေရိကန်နိုင်ငံဟာ ပြည်ပစစ်လက်နက်ရောင်းချရေး အစီအစဉ်အရ ခန့်မှန်းချေအားဖြင့် ဒေါ် လာ ၂၂၈ သန်းတန်ကြေးရှိ အပိုပစ္စည်းတွေနဲ့ ဆက်စပ်ကိရိယာတွေ ထိုင်ဝမ်သို့ရောင်းချဖို့ ဆုံးဖြတ်လိုက် ပါတယ်။

ထိုင်ဝမ်သို့ လေယာဉ် အပိုပစ္စည်းတွေနဲ့ ဆက်စပ်ကိရိယာတွေ ရောင်းချမယ်လို့ အမေရိကန်အစိုး ရက တနင်္လာနေ့မှာ ကြေညာခဲ့ပြီ ထိုအစီအစဉ်ကို ကွန်ဂရက်သို့ အကြောင်းကြားထားတယ်လို့ ဆိုပါ တယ်။

အဆိုပြုထားတဲ့ စစ်လက်နက်ရောင်းချမယ့် အစီအစဉ်ကြောင့် ထိုင်ဝမ်ရဲ့ လက်ရှိနဲ့အနာဂတ် ခြိမ်းခြောက်မှုတွေ တိုက်ဖျက်နိုင်စွမ်း တိုးတက်လာမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ဒါဟာ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်အစိုးရက ထိုင်ဝမ်သို့ ၁၆ ကြိမ်မြောက် စစ် လက်နက်ရောင်းချမှုဖြစ်တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်က ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ကာ အမေရိကန်နဲ့ နီးကပ်သော လုံခြုံရေး မိတ်ဖက် ဆောင်ရွက်မှုအဖြစ် တိုးမြှင့်ပြီး ထိုင်ဝမ်ရေလက်ကြား၊ အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု နဲ့ သာယာဝပြောမှု တိုးမြှင့်မယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်စစ်တပ်က ထိုင်ဝမ်ရေလက်ကြားရှိ ကြားခံမျဉ်းကို မကြာခဏဆိုသလို ဖြတ်ကျော်တာ ကြောင့် အမေရိကန်နိုင်ငံရဲ့လုပ်ရပ်က တရုတ်ကို ထိန်းညှိတဲ့လုပ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကို တရုတ်နိုင်ငံက ကန့်ကွက်ဖွယ်ရှိပါ တယ်။ အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်ရေးအကူအညီပေးတာ ရပ်တန့်ဖို့ တရုတ်က တောင်းဆိုထားပါ တယ်။

ကိုးကား – NHK
Ref; US to supply $228 million worth of military spare parts to Taiwan

#Ayeyarwaddy_Times