ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

မလေးရှား ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ မာရှစ်တာအီဘရာဟင်နဲ့ သူ့ရဲ့ခင် ပွန်းတို့ဟာ မြန်မာနိုင်ငံမှ လူကုန်ကူးမှုတွေမှာ မပါတ်သက်ဘူးလို့ စုံစမ်းစစ်ဆေးမှုတွေက ဆိုပါတယ်။

အီဘရာဟင် အပါအဝင် လူပုဂ္ဂိုလ်များစွာရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ လူကုန်ကူးဂိုဏ်းတစ်ခု နဲ့ မပတ်သက်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေက တွေ့ရှိခဲ့တယ်လို့ ရဲစစ်ဆေးရေးချုပ် ရာဇာရူဒင်ဟူ စိန်က ပြောပါတယ်။

“ဒီလိုစုံစမ်းစစ်ဆေးမှုဟာ ဘဏ်စာရင်းများစွာကို ဆန်းစစ်လေ့လာမှုတစ်ခုအပေါ် အခြေခံပါ တယ်” လို့ သူက ဆိုပါတယ်။
အီဘရာဟင်၊ သူ့ရဲ့ခင်ပွန်းနဲ့ အခြားသူ ၃ ယောက်ဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေအ တွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တာကို ကျွန်တော်တို့ အရင်က အတည်ပြုခဲ့ပြီးပါပြီ” လို့ ရာဇာရူဒင် ဟူစိန်က စက်တင်ဘာလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုမှာ လူပုဂ္ဂိုလ် ၁၁ ဦးရဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်းတင်ခဲ့ပြီး လူ ကုန်ကူးမှုဂိုဏ်းမှာ ပါဝင်တဲ့ ခိုင်မာသော အထောက်အထားမရှိဘူးလို့ ၎င်းက ဆိုပါတယ်။
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရာမှာ အရေးပါတဲ့သူလို့ သံသယရှိသူတစ်ဉီးနဲ့ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်နှစ်ဉီးကို စုံစမ်းစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရဲတပ်ဖွဲ့ဟာ ကုမ္ပဏီများ စွာရဲ့ ငွေကြေးအခြေအနေကို ဆန်းစစ်လေ့လာနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ လူကုန်ကူးဂိုဏ်းတစ်ခုနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို အီဘရာဟင်က ငြင်း ဆန်ထားပါတယ်။

ကိုးကား – The Straits Times
Ref; Former Malaysia deputy minister not involved in human trafficking in Myanmar: Police

#Ayeyarwaddy_Times