
(ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ တရုတ်လည်း တာဝန်ရှိတယ်လို့ ဆို)
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်ဖို့ ယူကရိန်းနိုင်ငံ လိုအပ်တာမှန်သမျှကို မဟာမိတ်တွေက ပေးရမှာဖြစ်ပြီး လှူဒါန်းထားတဲ့ စစ်လက်နက်တွေ အသုံးပြုတာကို မကန့်သတ်ရဘူးလို့ ဒိန်းမတ်ဝန်ကြီး ချုပ် မတ်တေးဖရက်ဒရစ်ဆင်က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာဉပဒေနဲ့အညီ ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ F-16 ဂျက်တိုက် လေယာဉ်တွေအပါအဝင် အနောက်နိုင်ငံထုတ် စစ်လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးသင့်တယ် လို့ စနေနေ့က ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့တော်မှာကျင်းပတဲ့ လုံခြုံရေးညီလာခံတစ်ခုမှာ ၎င်းက ပြောပါတယ်။
“ယူကရိန်းက စစ်ပွဲကို အနိုင်ရရှိရမှာဖြစ်ပြီး အလွန်ရက်စက်တဲ့ ရုရှားကို ရင်ဆိုင်နေရတာပါ။ စစ် ပွဲကို အနိုင်ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းက လိုအပ်တာမှန်သမျှ ယူကရိန်းကို ထောက်ပံ့ဖို့ဖြစ်ပါ တယ်” လို့ သူက ဆိုပါတယ်။
ဒိန်းမတ်ဟာ ယူကရိန်းသို့ စစ်ရေးအကူအညီ အများဆုံးထောက်ပံ့တဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး ရု ရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံထုတ် စစ်လက်နက်တွေ အသုံးပြုဖို့ အဆို ပြုပါတယ်။
လူဦးရေ ၆ သန်းသာရှိတဲ့ နောဒစ်တိုင်းပြည် ဒိန်းမတ်ဟာ ယူကရိန်းသို့ ဒေါ်လာ ၇ ဒသမ ၃ ဘီလီ ယံတန်ကြေးရှိ စစ်ရေးအကူအညီ ထောက်ပံ့ပေးခဲ့ပြီး ယူကရိန်း လေယာဉ်မှူးတွေနဲ့ စစ်သည်တွေကို လေ့ကျင့်ပေးခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံဟာ မကြာသေးမီက ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ် ၁၉ စင်း ပေးပို့ခဲ့ပါတယ်။
ဘယ်လိုစစ်ဆင်ရေးတွေမှာ F-16 ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုရမယ်ဆိုတာကို ဖရက်ဒ ရစ်ဆင်က မှတ်ချက်မပေးပေမယ့် ဒိန်းမတ်ကပေးအပ်တဲ့ စစ်လက်နက်တွေအပေါ် ကန့်သတ်ချက်မထား ဘူးလို့ ပြောပါတယ်။
တရုတ်နိုင်ငံက ရုရှားကို ထောက်ခံတာကြောင့် ယူကရိန်းစစ်ပွဲမှာ တရုတ်လည်း တာဝန်ရှိတယ် လို့ ၎င်းက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအပေါ် မှီခိုနေခြင်းအားဖြင့် အနောက်နိုင်ငံတွေဟာ အမှားကြီးတစ်ခု ပြုလုပ်နေ တယ်လို့ အသက် ၄၆ နှစ်အရွယ် ဖရက်ဒရစ်ဆင်က ထောက်ပြပါတယ်။
“ယူကရိန်းအခြေအနေဟာ ဘယ်လောက်အထိ အန္တရာယ်များတယ်ဆိုတာကို ကျွန်မတို့ သိနား လည်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bloomberg
Ref; Ukraine Must Be Allowed to Use F-16s Inside Russia, Denmark Says
#Ayeyarwaddy_Times