ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

ပဲခူးတိုင်း၊ ရွေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်း စစ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကုန်းမြင့်သာယာစစ်စခန်းကို ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းတွင်စတင်တိုက်ခိုက်ခဲ့ပြီး ၁၁ နာရီခန့်တွင် စစ်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောက်စီဘက်မှ အရာရှိတဦးအပါအဝင် တပ်သားငါးဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ၊ ဆန်အိတ် ၄၀၀ ကျော်နှင့် ရိက္ခာအမြောက်အများရရှိခဲ့ကြောင်း သိရသည်။

ယင်းကုန်းမြင့်သာယာရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများသည် ဘောကထာစစ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အင်အားပြန်လည် စုဖွဲ့၍ ကုန်းမြင့်သာယာရွာတွင် ရှေ့တန်းစစ်စခန်းပြုလုပ်ပြီး တပ်စွဲနေရာ တော်လှန်ရေးပူးပေါင်းအဖွဲ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကုန်းမြင့်သာယာစစ်စခန်းသိမ်းတိုက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၇၀၂၊ စစ်ဒေသခွဲဒရုံန်းအထူးတပ်ဖွဲ့ ၁၈၀၅၊ PDF Spring Warrior စစ်ကြောင်းနှင့် ကရင်
အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -MOD(PDF စစ်ရုံးချုပ်)
#ပဲခူး #ရွှေကျင် #ကုန်းမြင့်သာယာ #ရှေ့တန်းစစ်စခန်း #တော်လှန်ရေး #ပူးပေါင်းတပ်ဖွဲ့ #တိုက်ခိုက်သိမ်းပိုက် #NUG #MOD

#Ayeyarwaddy_Times