ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

ရှမ်းမြောက်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီ တပ်က လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ကို နှစ်ရက်အတွင်း ဗုံးအလုံးရေ ၂၇၆ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၂၃) တပ်စခန်းနေရာတွင် ယမန်နေ့ ဩဂုတ် ၁၆ရက်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိ‌ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် သီပေါမြို့တွင် အရပ်သားပြည်သူများ ဦးတည်၍ Jet Fighter ဖြင့် (၂)ကြိမ်၊ Y-12 ထောက်ပို့လေ ယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး ၁၆၃ လုံး ကြဲချကာ နေ့စဉ်လာရောက်တိုက်ခိုက် ဗုံးကြဲချခဲ့ကြောင်း TNLA က ဆိုသည်။

အလားတူ တပ်မဟာ(၂)နယ်မြေ မိုးမိတ်မြို့နယ် ကင်းချောင်းရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် ဟူးကွက်ရွာဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီ တပ်မှ Jet Fighter ဖြင့် (၂)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် နမ့်ဆန်မြို့တွင်လည်း ဒုတိယကြိမ် Jet Fighter ဖြင့် (၁)ကြိမ် တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ သြဂုတ်လ (၁၆)ရက်နေ့က နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးတဝိုက်တွင် စစ်ကောင်စီ တပ်မှ Jet Fighter ဖြင့် (၂)ကြိမ်၊ Y-12 ဖြင့် (၅)ကြိမ် လာရောက်၍ ဗုံး(၆၇)လုံး ကြဲချခဲ့ကြောင်း TNLA ထံက သိရသည်။

ဓာတ်ပုံ-TNLA
#သီပေါ #မိုးမိတ် #စစ်ကောင်စီ #ဗုံးကြဲချ #ဗုံးအလုံးရေ၃၀၀နီးပါး #တအောင်းဒေသ #Ayeyarwaddy_Times