
( ဩဂုတ် ၁ ရက်မှ ၁၇ ရက်အတွင်း နှစ်ပတ်ဈေးကွက်)
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
မြန်မာပြည်သူများသည် သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုဒဏ်ကို ခံစားရပြီးနောက် မြို့ကြီး များတွင် စက်သုံးဆီပြတ်လပ်မှု အခက်အခဲကို ရင်ဆိုင်နေရသည်။ ပြည်တွင်း စက်သုံးဆီပြတ်လပ် မှုကြောင့် ကုန်စည်စီးဆင်းမှုအပါအဝင်လုပ်ငန်းများစွာကို ထိခိုက်လျက်ရှိသည်။ မြို့ကြီးများတွင် စက်သုံးဆီရရှိရန် ညအိပ်စောင့်တန်းစီနေရသည်။
စက်သုံးဆီအကျပ်အတည်းများအပြင် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာအပါ အဝင် ထိုင်းဘတ်နှင့် တရုတ်ယွမ်ဈေးများဆက်တိုက်မြင့်တက်နေသည်။
ပြည်တွင်း အကယ်ဒမီခေါက်ရွှေဈေးလည်း ဆက်တိုက်မြင့်တက်လာသည်။ အမေရိကန်ဒေါ်လာ ဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၇၀၀၀ ထိဈေးမြင့်တက်သွားသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၃ သိန်းထိဈေးမြင့်တက်သွားသည်။
ထို့ပြင်ယခုရက်ပိုင်းအတွက် နိုင်ငံခြားငွေလဲနှုန်းထားနှင့် အခေါက်ရွှေဈေးက အချိန်နှင့်အမျှ အတက်၊ အကျရှိနေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
အဆိုပါစက်သုံးဆီအခက်အခဲ၊ နိုင်ငံခြားငွေဈေးတက်မှုနှင့် ရွှေဈေးတက်မှုများကြောင့် အထွေထွေ ကုန်စည် ဈေးနှုန်းအပေါ်သက်ရောက်မှုရှိပြီး ကုန်ဈေးနှုန်းများထပ်မံမြင့်လာနေပြီဖြစ်သည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
လက်ရှိသီတင်းပတ်အတွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းထားများတဖြည်းဖြည်းမြင့်တက်လာပြီး မြန်မာ ကျပ်ငွေတန်ဖိုးလျော့ကျလာသည်။ ဩဂုတ် ၁၃ ရက်နေ့နောက်ပိုင်းတွင်း ဈေးနှုန်းမြင့်တက်မှု ပိုမိုမြန်ဆန်လာကာ ကွာဟချက်ကြီးမြင့်လာည်။
ယင်းနေ့မှာပင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၇၀၀၀ နီးပါးဈေးမြင့်တက်သွားပြီး နောက်ပြန်လည် ကျသွားခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများလုပ်သာကိုင်သာရှိသည့် ငွေကြေးနှုန်းထားဆီ မရောက်သေးကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ယနေ့ ဩဂုတ် ၁၇ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၈၀၀ မှ ၆၂၀၀ ကြား အရောင်း အဝယ်ရှိကာ ဩဂုတ် ၁ ရက်နေ့တွင် ကန်တစ်ဒေါ်လာ ၅၆၀၀ မှ ၅၇၀၀ ကျပ် ကြားရှိနေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
“ မင်းအောင်လှိုင်အာဏာသိမ်းခံရတယ်လို့ သတင်းထွက်တဲ့နေ့ကတည်းက ဒေါ်လာဈေးအရမ်းတက် သွားတာပဲ။ အဲဒီနောက်နေ့ နည်းနည်းပြန်ကျတယ်။ ဒေါ်လာကဈေးတက်ပေမဲ့ ဝယ်တဲ့သူရော ရောင်းတဲ့သူရောမရှိဘူး။ ဘယ်သူမှအလုပ်မလုပ်ရဲဘူး။ တစ်ဒေါ်လာ ၇၀၀၀ ဝယ်ပြီးတော့ ပြန်ရောင်းရင် ၇၂၀၀၀ လောက်ရမှဆိုတော့ ဒိုင်တွေကလည်းမဝယ်ရဲဘူး။ အဝယ်ရှိပြီးတော့ အရောင်းရှိမှဖြစ်မှာကို” ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တရုတ်ယွမ်ဈေးနှုန်းသည် ယနေ့ ဩဂုတ် ၁၇ ရက်နေ့တွင် တစ်ယွမ်လျှင် ၈၁၃ ကျပ်ရှိပြီးဩဂုတ် ၁ ရက်နေ့တွင် ၇၁၅ ကျပ်ရှိသဖြင့် သီတင်းနှစ်ပတ်အတွင်း တစ်ရာကျပ်ကျော် ဈေးမြင့်လာခြင်းဖြစ်သည်။
ထိုင်းဘတ်ဈေးနှုန်းသည် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် တစ်ဘတ်လျှင် ၁၆၅ ကျပ်ရှိပြီး ဩဂုတ် ၁ ရက်နေ့တွင် ၁၅၀ ရှိသဖြင့်ရက်ပိုင်းအတွင်းဈေးမြင့်တက်လာ ကြောင်းသိဈေးကွက် အတွင်းက စုံစမ်းသိရသည်။
#ပြည်တွင်းရွှေဈေးနှုန်း
အမေရိကန်ဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေးမြင့်တက်နေချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းလိုက်ပါမြင့်တက် နေသည်။ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ၂၅၀၇ ဒေါ်လာရောက်ရှိနေကာ အမြင့်ဆုံးစံချိန် တင်ဈေးဖြစ်နေကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၈၃ သိန်းနီပါးရောက်ရှိနေကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်ဈေးနှုန်းတွင် အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သး ၄,၇၈၃,၉၆၈ သိန်းဖြစ်ပြီး ရွှေဆိုင်များရွှေလုပ်ငန်းရှင်များ ယင်းဈေးနှုန်းအတိုင်း ရောင်းဝယ်ရန်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်ပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၆၈ သိန်းမှ ကျပ် ၆၇ သိန်းဝန်းကျင်ရှိပြီး ရွှေဈေးတဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။
#ပြည်တွင်းစက်သုံးဆီဈေးနှုန်း
သီတင်းနှစ်ပတ်ကျော်ကာမြင့်လာသည့်အထိ စက်သုံးဆီပြတ်လပ်မှုကို မြို့ကြီးများတွင်ကြုံတွေ့ နေရသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင်စက်သုံးဆီဈေးကျပြီးနောက်ပိုင်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။ စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် ညအိမ်စောင့်ကာ ဆီထည့်နေရသည်။
လက်ရှိတွင်စက်သုံးဆီပြတ်လပ်မှုကြောင့် လုပ်ငန်းအချို့ရပ်နားခြင်း၊ ပုဂ္ဂလိက ကျောင်းအချို့ပိတ်ထား ရခြင်းများရှိကြောင်းသိရသည်။ ပြည်တွင်းသုံး ဓာတ်ဆီ ၉၂၊ ၉၅ နှင့် ပရီမီယံဒီဇယ်၊ ရိုးရိုးဒီဇယ်အမျိုအစား အားလုံးပြတ်လပ်နေခြင်းဖြစ်သည်။
“ ပိတ်ထားတဲ့ဆီဆိုင်တွေလည်းရှိတယ်။ ညအိပ်စောင့်ရင်မနက်ဆို ဆီရတယ်။ သုံးသောင်းဖိုးပဲ ပေးတော့ တစ်ညလုံးစောင့်ရတာနဲ့သိပ်မတန်ဘူး။ မြို့ထဲတစ်ပတ်ဆိုကုန်မှာ။ ငါးသောင်းဖိုး လောက်ရမှအဆင်ပြေမယ်။ ဆီဆိုင်တွေကမတူဘူး။ အခုက သုံးသောင်းဖိုးနဲ့ ငါးသောင်းဖိုးပဲ ပေးတဲ့ဆိုင်တွေပဲရှိတယ်။ အချိန်ပေးရပြီးတော့ မတန်ဘူး ” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်စက်သုံးဆီဈေးသည် ဩဂုတ်လဆန်းပိုင်းတွင် ဈေးကျနေပြီး ဩဂုတ်လလယ်တွင် ကျပ် ၁၅၀ ကျပ်မှ ၃၅၀ နီးပါးဈေးမြင့်လာကြောင်းသိရသည်။
ဩဂုတ် ၁၇ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၉၅၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၀၄၅ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၁၄ နှင့် ဒီဇယ်တစ်လီတာ ၂၅၆၀ ကျပ်ရှိပြီး ၎င်းသည် စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းဖြစ်သည်။
ဩဂုတ် ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၇၅၀ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၇၇၀ နှင့် ဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်း ထိန်းချုပ်ထားသည်။
ရန်ကုန်ရှိ စက်သုံးဆီပြင်ပပေါက်ဈေးတွင် တစ်လီတာ ကျပ် ၈,၀၀၀ မှ ၁၂၀,၀၀ ကြားရှိပြီး မြို့နယ် အသီးသီးကို လိုက်၍ ဈေးကွာဟချက်ရှိကြောင်းသိရသည်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
အထွေထွေကုန်ဈေးနှုန်းများဆက်လက်မြင့်တက်နေသည်။ ယခုရက်ပိုင်းအတွက် ကန်စွန်းရွက်၊ ကြက်ဥနှင့်အာလူးဈေးပိုတက်လာသည်။ အိမ်ရှင်များ၏ညည်းတွားသံက အဆက်မပြတ် ထွက်ပေါ် နေသည်။ ထိုင်းနှင့်တရုတ်နိုင်ငံမှ သွင်းကုန်အချို့ပစ္စည်းပြတ်လပ်မှုများရှိကြောင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။
လက်ရှိစက်သုံးဆီပြတ်လပ်မှုကြားထဲတွင် ကုန်စည်စီးဆင်းမှုအခက်အခဲဖြစ်ကာ သယ်ယူပို့ဆောင် စရိတ် ကြောင့် ကုန်ဈေး နှုန်းပိုမိုမြင့်တက်လာကြောင်း ဈေးသည်များထံက သိရသည်။
စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာရာတွင် တစ်နေ့လုပ်တစ်နေ့စား လူတန်စားများအတွက် တစ်ရက်လုပ်ခ အနိမ့်ဆုံးကျပ် ၁၂၀၀၀ ဖြင့် စားဝတ်နေရေးဖြေရှင်းရန် မလွယ်ကူတော့ပေ။
သို့ရာတွင် အရည်အသွေးကောင်းဆန် ပြင်ပပေါက်ဈေးသပ်သပ်ရှိနေသည်။ ပြင်ပဆန်ဆိုင်အများစုက ဈေးကွက်ပေါက်ဈေးအတိုင်းပင်ရောင်းချသည်။ ယခုတစ်ပတ်အတွင်း ဆန်တစ်အိတ်ဈေး ကျပ် ၃၀၀၀ မှ ၅၀၀၀ ကြားဈေးကျသွားကြောင်းဈေးကွက်အတွင်းစုံစမ်းသိရသည်။
အခြေခံစားသောက်ကုန်စည်ထဲမှ ဆန်ဈေးနှုန်းသည် စစ်ကောင်စီသတ်မှတ်ဈေးနှုန်းကြားတွင် ရောင်းချ လျက်ရှိပြီး အရည်အသွေးမြင့်ဆန်များအတွက် ပြင်ပပေါက်ဈေးသပ်သပ်ရှိနေသည်။ ထို့ပြင်ဆန် အရောင်း ဈေးကွက်ရှိလာသည်။
“ သူတို့သတ်မှတ်ဈေးအတိုင်းပိုလို့မရတော့ အချို့ဆန်ဆိုင်တွေက ဆန်အရောရောင်းတယ်။ ရွှေဘိုနဲ့ ကျားပျံအရောကို တစ်အိတ် တစ်သိန်းခွဲပတ်ဝန်းကျင်နဲ့။ ရွှေဘိုအိုးဝင်က သူ့ဈေးနဲ့သူရှိတယ်။” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ပြောကြားသည်။
ထို့ပြင်ဆန်ဈေးသည် တစ်အိတ်ကို ကျပ် ငါးထောင်မှ တစ်သောင်းကြားဈေးအတက်၊အကျရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရွှေဘိုအိုးဝင် တစ်အိတ် ၁၈၀,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၂,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၄,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီ လက္ကားရောင်းချသူထံက သိရသည်။
ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီသတ်မှတ်ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ယခင်တစ်ပတ်ကထက် ကျပ် ၄၀၀ ကျပ်ဝန်းကျင်ဈေးနှုန်းမြင့်တက်လာသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၉၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၈၅ ကျပ်ဖြစ်သည်။
ပြည်သူများသည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် ပူးပေါင်းကာ စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင် တိုကင်ဖြင့် တန်းစီတိုးဝယ်နေရဆဲဖြစ်သည်။
အဆိုပါ ဈေးနှုန်းပေါ်တွင် သယ်ဆောင်ခများထပ်ပေါင်းပြီး သတ်မှတ်ဈေးဖြင့်ရောင်းချသည့် ဆိုင်များတွင် ငါးဆယ်ကျပ်သားကို ကျပ် ၃၅၀၀ ကျပ်ဖြင့်ဝယ်ယူရခြင်းဖြစ်သည်။
စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ် ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ထားသော်လည်း ပြင်ပပေါက်ဈေးတွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ်၁၄၀၀၀ မှ ၁၆၀၀၀ ဈေးရှိကြောင်းသိရသည်။
အခြေခံစားသောက်ကုန်ပစ္စည်း စားဖိုဆောင်သီးနှံဈေးကွက်တွင် ယခုတစ်ပတ်၌ အာလူးဈေး ထပ်မြင့်တက်သွားသည်။ ယခင်တစ်ပတ်က တစ်ပိဿာ ကျပ် ၆၀၀၀ မှ ယခုတစ်ပတ်တွင် ကျပ် ၇၀၀၀ ရှိကြောင်းဈေးကွက်အတွင်းသိရသည်။ ကုန်စိမ်းဟင်းသီးဟင်းရွက်တွင် ကန်စွန်းရွက်တစ်စီး ကျပ် ၁၀၀၀ မှ ၁၂၀၀ ကြားရှိကာဈေးမြင့်တက်နေသည်။
ယခုတစ်ပတ်တွင်ကြက်သွန်နီဈေးတက်သည်။ တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြားရှိပြီး ကျပ် ၇၀၀ခန့် ဈေးတက်လာကာ ကြက်သွန်ဖြူ တစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဖြစ်ကာ ၄၀၀၀ ကျပ်ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းက သိရသည်။
ထို့ပြင် သားငါးဈေးကွက်တွင် ကြက်သား (CP) ဈေးသည် တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြားတွင်ငြိမ်နေပြီး ဝက်သားဈေးတက်ကာ တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ကြားဖြစ်ကာ ၅၀၀၀ ဈေးတက်လာကြောင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။
“ ဈေးတွေတက်လွန်းလို့ဈေးတောင်မသွားရဲဘူး။ တစ်ရက်စာ နှစ်သောင်းလောက်ဖြစ်ပြီ။ သားငါး၊ ဟင်းသီးဟင်ရွက်အကုန်ဈေးတက်တော့။ ဆန်၊ ဆီ၊ ဆားလည်းတက်တာပဲ။ အကုန်တက်တယ်” ဟု မရမ်းကုန်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ဆိုသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့်ရန်ကုန်မြို့အတွင်းရှိ လက်လီစျေးကွက်နှင့် ညောင်ပင်လေး ဈေးတို့တွင် ဩဂုတ် ၁ နေ့မှ ဩဂုတ် ၁၇ အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဩဂုတ်၁မှဩဂုတ်၁၇ရက် #Ayeyarwaddy_Times