
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဩဂုတ်လ ၁၂ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက KNU စခန်းတွေကို ဩဂုတ်လဒုတိယပတ်ထဲကစတင်ပြီး စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြဝတီမြို့ကနေတဆင့် ဖလူးလေးကျေးရွာဘက်ကိုသွားတဲ့လမ်းက သုံးထပ်ကွေ့နားမှာ KNU တပ်တွေရှိနိုင် တယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ၁ နာရီခြား ၁ ခါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ပစ်တာက တစ်နာရီခြားပစ်တာ တာဝေးပစ်လက်နက်ကြီးတွေရော အမြှောက်တွေနဲ့ရောပစ်တာ သုံးထပ်ကွေ့ အနီးတဝိုက်ကိုပစ်တာ ရမ်းသမ်းပစ်နေတာမျိုးပစ်နေတာပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။
ခြေလျင်တက်တဲ့ စစ်ကောင်စီတပ်သားတွေ သုံးထပ်ကွေ့နားရောက်ရင် ပြောက်ကျားတိုက်ခိုက်ခံရတာတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်ဘက်က ခုလိုမျိုး လက်နက်ကြီးနဲ့ အဝေးကနေရမ်းသမ်းပစ်တာမျိုး ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက စစ်ယူနီဖောင်းနဲ့လာရင် ပြောက်ကျားတိုက်ခိုက်ခံရတာတွေကြောင့် စစ်ယူနီ ဖောင်းမဝတ်ဘဲ တက်လာတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။