ဧရာဝတီတိုင်းမ်
သြဂုတ် ၁ ရက်

လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ အမြောက်ကျည်တွေ၊ တင့်ဖျက်လက်နက်နဲ့ တင့်ဖျက် ဒုံးကျည်တွေ အပါအဝင် ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးပို့ မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ကြေညာပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီထဲမှာ ယူကရိန်း လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး အစီ အစဉ် (USAI) မှတစ်ဆင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနဲ့ ပင်တဂွန်ရဲ့ ရန်ပုံငွေမှ ဒေါ်လာ သန်း ၂၀၀ ပေး အပ်မယ်လို့ သိရပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် အမေရိကန်နိုင်ငံက ပက်ထရီးယော့ ဒုံး ခွင်းစနစ် ပေးပို့မယ်လို့ လွန်ခဲ့သောနှစ်ပတ်ကျော်က ဝါရှင်တန်မြို့တော်မှာကျင်းပတဲ့ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။

ယူကရိန်းသို့ ယုံကြည်စိတ်ချရသော စစ်ရေးအကူအညီ ပေးအပ်မယ့် အစီအစဉ်သစ်တစ်ခု ဖန်တီး ဖို့နဲ့ နေတိုးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ခွင့်ပြုဖို့ နေတိုးအဖွဲ့ဝင်တွေက သဘောတူခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ သံချပ်ကာဖျက်လက်နက်၊ အမြောက်ကျည်၊ အခြားစစ်ဘက်ကိရိယာတွေနဲ့ အပိုအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ်နောက်ပိုင်း အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ ဒေါ်လာ ၅၅ ဒသမ ၄ ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဧပြီလနောက်ပိုင်း ယူကရိန်းသို့ပေးအပ်တဲ့ ၉ ကြိမ်မြောက် စစ်ရေးအကူအညီထဲမှာ ရုရှားကျူး ကျော်မှုကို ခုခံဖို့ အရေးပါသော စစ်လက်နက်တွေပါဝင်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြော ရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

ကိုးကား – AP
Ref; US will send $1.7 billion in military aid to Ukraine

#Ayeyarwaddy_Times