က်ိုကိုလေး/ဧရာဝတီတိုင်းမ်
(ကျုံပျော်)၊ သြဂုတ်လ ၆ ရက်

ဧရာဝတီတ်ိုင်း၊ ကျုံပျော်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တွေမှာ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဓာတ်ဆီအရောင်းပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံပျော်မြို့ပေါ်မှာ အရင်က စက်သုံးဆီစျေးအပေါ်မူတည်ပြီး ဓာတ်ဆီရောင်းချမှုတချို့ ပိတ်ထားတာမျိုးသာရှိပြီး ဒီကနေ့မနက်မှာတော့ စက်သုံးဆီဆိုင်တွေအား လုံးနီးပါးမှာ ဓာတ်ဆီထည့်လို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ခုမနက် စျေးသွားရင်း ဆိုင်ကယ်ဓာတ်ဆီကုန်တာနဲ့ ဆီဆိုင်တွေဆီ ဆီဝင်ထည့်တာ ဘယ်ဆိုင်မှ ထည့်မရဘူး။ တစ်မြို့လုံးနှံ့ရော ရှာတာ ဘယ်မှမရဘူး။ ဆီပြတ်နေတာလား ဘာလား ဆိုင်တွေကိုမေးကြည့်တော့ စျေးတွေအရမ်းတက်နေတော့ ရောင်းလို့ကို လုံးလုံးအစဥ်မပြေလို့ အရောင်းပိတ်ထားလိုက်ရတာလို့ သူတို့ပြောကြတယ်” လို့ကျုံပျော်မြို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

စက်သုံးဆီစျေးနှုန်း 92 ၁ လီတာကို ၁၆၀၀ ကျော်လို့ စစ်ကောင်စီကဒီမနက်မှာထုတ်ပြန်ပေမယ့် ရန်ကုန်၊မန္တလေး၊နေပြည်တော်နဲ့ မြို့ကြီးတချို့က စက်သုံးဆီဆိုင်ကြီး ​တွေမှာသာအဲ့ဒီစျေးနှူန်းနဲ့ဝယ်ယူနိုင်တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းမြို့နယ်တွေက စက်သုံးဆီဆိုင်တွေမှာတော့ ဓာတ်ဆီ 92 ၁ လီတာကို ၂၀၀၀ ကျပ်နဲ့ ဝယ်ယူသုံးစွဲနေရတာဖြစ်ပြီး စက်သုံးဆီစျေးနှုန်းကျဆင်းတာမရှိဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။