ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ရွာသာအေးကျေးရွာတွင် မေလ ၂ရက် ညနေပိုင်းက အမျိုးသားတစ်ဦးရေဆင်းချိုးရာမှ မိကျောင်း ကိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မိကျောင်းကိုက်ခံရသူမှာ ရွာသာအေးကျေးရွာမှ ဦးမိုး၀င်းဆိုသူဖြစ်ပြီရွာချောင်းအတွင်း ရေဆင်းချိုးနေစဥ် မိချောင်းကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ခြေထောက်နှစ်ချောင်းလုံးဆွဲခါကိုက်ခံရသဖြင့် အရိုးအကြော ကြေမွဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကံကောင်းလို့ မသေတာ ပြောရမယ် သူက မိချောင်း ဆွဲဆွဲခြင်း ပတ်၀န်းကျင်ကိုအော်ဟစ်လို့လူတွေ ဝိုင်းလာတာရယ်သူကိုယ်တိုင်က မိချောင်းကို ကန်ပြီးရုန်းထွက် လို့ အသက်ရှင်တာ”ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဦးမိုး၀င်းအားလာရောက် ကိုက်ဆွဲသည့်မိချောင်းမှာ အရှည် ၁၆ပေခန့်ရှိသည်ဟု ခန့်မှန်းရပြီး လက်ရှိတွင်ရေကျော်တိုးကျေးရွာအုပ်စုတွင် မိချောင်းအန္တရာယ် သတိပေးမှုများပြုလုပ်ထားကြောင်းဒေသခံများထံမှသိရှိရသည်။

လက်ရှိတွင် မိချောင်းကိုက်ခံရသူ၏ ခြေထောက်နှစ်ဘက်လုံးတွင် ဒဏ်ရာ ပြင်းထန်စွာရရှိသွားသောကြောင့် ဖျာပုံမြို့နယ်ရှိ၊ ကျုံကဒွန်းတိုက်နယ်ဆေးရုံတွင်ဆေးကုသပေးနေကြောင်း သိရှိရသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်း စသောသဘာဝ ဒီရေတောများရှိ ရေချိုရေငန်စပ် မိကျောင်းများမှာ ဧပြီလမှ ဇွန်လအထိမိတ်လိုက်ရာသီ ဖြစ်ပြီး ဇူလိုင်နှင့်သြဂုတ်လများတွင်အသိုက်ပြုလုပ်ကာ စက်တင်ဘာလနှင့် နိုဝင်ဘာလများသည် သားပေါက်သည့်လများဖြစ် ကြောင်းသိရသည်။

အဆိုပါကာလများသည် မိကျောင်းများမှ လူများကို ရန်ပြုအန္တရာယ်ပေးတတ်သည့် ကာလများဖြစ်သောကြောင့် မိကျောင်းအန္တရာယ် သတိပြုပြီး လုပ်ကိုင်သွားလာကြရကြောင်းသိရသည်။

စစ်ကောင်စီလက်ထက်တွင် မိန်းမလှကျွန်း ဘေးမဲ့ဒီရေတောများအတွင်း ငါးရှာဖွေသူ ကွန်သမား ပိုက်သမားများအား ငွေ​ကြေး ယူပြီးခွင့်ပြုထားသဖြင့် မိကျောင်းများ နေထိုင် ကျက်စားရာ နေရာရှားပါးခြင်း၊ အစာကွင်းဆက်ပြတ်ခြင်းများကြောင့် လူများနေထိုင်ရာသို့ရောက်ရှိပြီး ယခုကဲ့သို့ လူအား အန္တရာယ် ပေးသည်အထိ ဖြစ်ရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများမှသုံးသပ်ပြောဆိုသည်။

#ဘိုကလေး #မြစ်အတွင်းရေချိုးဆင်းသူ #မိကျောင်း ကိုက်ခံရ #Ayeyarwaddy_Times