ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်

ထိုင်းနိုင်ငံက အချုပ်အခြာအာဏာ မည်သည့်ချိုးဖောက်မှုကိုမဆို သည်းညည်းခံမှာမဟုတ်ဖူးလို့ ပြီးခဲ့တဲ့အပတ်က မြန်မာနယ်စပ်အနီး မဲဆောက်မြို့ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာ ဟက်ဒါက သတိပေးခဲ့ပါတယ်။

“ထိုင်းစစ်သားတွေဟာ နယ်စပ်ကို စောင့်ကြပ်နေပြီး တိုင်းပြည်ကိုကာကွယ်ဖို့ အဆင့်သင့်ဆိုတာ ပြသသလို ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာပိုင် ဘယ်သူ့ကိုမှ ချိုးဖောက်ခွင့်မပြုပါဘူး” လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ဟာ ထိုင်းမြေကို ချိုးဖောက်ခွင့် မည်သူ့ကိုမှ ခွင့်မပြုသလို ကျွန်တော်တို့ လက် သင့်လည်းမခံဘူးဆိုတာ ထိုင်းနိုင်ငံက ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

“ကျွန်တော် စစ်တပ်အကြီးအကဲနဲ့ စကားပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်တာကို လက်မခံပါဘူး” လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မဲဆောက်မြို့ခရီးစဉ်အတွင်း ပန်ပရီးဟာ စစ်ဘေးရှောင် မြန်မာပြည်သူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံမှ စစ်ရှောင် ၁၀၀၀၀၀ လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံက ဒီသီတင်းပတ်အ တွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – AFP
Ref; Thai FM says won’t tolerate border violations after clashes in Myanmar

#Ayeyarwaddy_Times