ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

အစ္စရေး၊ ပါလက်စတိုင်း၊ ယူကရိန်းနဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားနေ ပြီး ငြိမ်းချမ်းရေး ရရှိစေပါကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းပေးလိုက်ပါတယ်။

ပါလက်စတိုင်းနဲ့ အစ္စရေးနိုင်ငံအတွက် ငြိမ်းချမ်းရေးရရှိစေဖို့ ဆုတောင်းပေးပါကြောင်း အီတလီ စကားပြော ဘုရားဖူးတွေကို ပြောကြားတဲ့ နှုတ်ခွန်းဆက်မှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောပါ တယ်။

“စစ်ပွဲက နေရာတိုင်းမှာ ဖြစ်နေပါတယ်။ အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ရှိနေဆဲဖြစ်တဲ့ အမေ့လျော့ခံ မြန်မာနိုင်ငံကို သတိရစေလိုပါတယ်” လို့ ပုပ်ရဟန်းမင်း ကြီးက ဆိုပါတယ်။

“စစ်ပွဲဇုန်တွေအတွင်းက ဒုက္ခသုတ်ခရောက်နေသူတွေကို မမေ့လျှော့ကြပါနဲ့။ ငြိမ်းချမ်းရေးအ တွက် အတူတကွ ဆုတောင်းပေးကြပါစို့” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်ဖူးတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကစဉ့်က လျားဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိစေဖို့ ဆုတောင်းလေ့ရှိသူပါ။

မြန်မာနိုင်ငံကို သံယောဇဉ်ရှိတာကြောင့် ပုပ်ရဟန်းမင်းကြီးဟာ မြန်မာ့အရေးကို မမေလျော့ကြ ဖို့နဲ့ မြန်မာပြည်သူတွေကို ကူညီကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလေ့ရှိပါတယ်။

ကိုးကား – Asia News
Ref; Pope at audience: ‘War is everywhere. Do not forget Myanmar’

#Ayeyarwaddy_Times