ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

အရေးပါတဲ့ နယ်စပ်မြို့အနီး တိုက်ပွဲတွေဖြစ်ပွားနေစဉ် ထိုင်းနိုင်ငံက မြန်မာစစ်ရှောင် တစ်သိန်း (၁၀၀၀၀၀) ကိုလက်ခံဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါက ပြောပါတယ်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ဘေးကင်းတဲ့ဧရိယာမှာ မြန်မာစစ်ရှောင် ၁၀၀၀၀၀ ခန့်ကို ယာယီ နေခွင့်ပြုနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဝင်နိုင်ငံမဟုတ်ဘဲ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းတွေကို ခွဲခြားမှုမရှိပါဘူး။

ထိုင်း-မြန်မာနယ်စပ်ကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး ကုန်သွယ်မှုဟာ မဲဆောက်မှတစ်ဆင့် မြဝတီသို့ စီးဆင်းနေဆဲဖြစ်တယ်လို့ ပန်ပရီးက ပြောပါတယ်။

“တိုက်ပွဲတွေမရှိသလို ကုန်သွယ်မှုက ကျဆင်းပေမယ့် ရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုန် သွယ်မှုဟာ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

အင်္ဂါနေ့အစောပိုင်းမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က နယ်စပ်အရေး ဆွေးနွေးဖို့ အ ဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“မြန်မာ့အရေး အခြေအနေဆိုးရွားလာတာကို ထိုင်းဝန်ကြီးချုပ်က စိုးရိမ်ပူပန်နေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မြဝတီမြို့မှာ ပိတ်မိနေသူတွေကို ပို့ဆောင်ဖို့ ထိုင်းနိုင်ငံမှာ အထူးလေယာဉ် ၃ ကြိမ် ဆင်းသက် ခွင့်ပြုဖို့ စစ်ကောင်စီရဲ့ မေတ္တာရပ်ခံချက်တစ်ရပ်ကို ခွင့်ပြုပေးခဲ့တယ်လို့ ထိုင်းအစိုးရက ပြောကြားပြီး နောက် ထိုင်းဝန်ကြီးချုပ်က အကြီးတန်းတာဝန်ရှိသူတွေနဲ့ အရေးပေါ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်တွေကတည်းက ထိုင်းနိုင်ငံဟာ ထောင်နဲ့ချီတဲ့ မြန်မာစစ်ရှောင်တွေကို နယ်စပ်အနီး မှာ အလွတ်သဘော အခြေချနေထိုင်ခွင့်ပြုခဲ့ပါတယ်။

ပုံစာ-၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်ပြေးလာသည့် စစ်ရှောင်များအား တွေ့ရစဉ်

ကိုးကား – AFP
Ref; Thailand says it is prepared to receive 100,000 people fleeing Myanmar