ဧရာဝတီတိုင်းမ်
ဧပြီ ၉ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီရေတပ် နေဗီသင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဧပြီ ၈ရက်နေ့က တောင်ကုတ်မြို့နယ်ရှိ ဆားပြင်၊ ကင်းတောင်၊ နွားချောင်း၊ ဘူးသီးကွင်းကျေးရွာများကို စစ်ကြောင်းထိုးလျက်ရှိပြီး ယနေ့ ဧပြီ ၉ရက်တွင်လည်း သံတွဲ- တောင်ကုတ် ခမောင်းတုန်းအနီး မြစ်ကြောင်းတွင် အခြေချထားသော စစ်ကောင်စီရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရွာတွေဘက်ကို စစ်ကြောင်းထိုးတာပါ။ ရွာသားတချို့ကိုလည်း ဖမ်းသွားတယ် ကြားပါ တယ်။ ညက လေယာဉ်နဲ့လာပြီး တောင်ကုတ်- မအီ ပင်မဓာတ်အားလိုင်း နားကရွာကို ဗုံးလာကြဲတယ်။ ဓာတ်အားလိုင်းထိပြီမှတ်တာ။ အမ်းနဲ့လည်း ကပ်နေတော့ လက်နက် ကြီးသံ တောက်လျှောက်ကြားနေရတယ်။ မြို့ပေါ်ကတော့ စစ်အေးနေသေးတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကြောင်းသည် အင်အား ၁၂၀ခန့်ရှိပြီး ယနေ့မနက်ပိုင်းတွင် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာကို ဝင်ရောက်စစ်‌ေကြာင်းထိုးမွှေနှောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၇ရက်နေ့ကလည်း စစ်ကောင်စီ၏ ‌ခမောင်းတုန်းအနီး အခြေချ တပ်စွဲထားသည့် ရေတပ်မှ ‌မြစ်အနီးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေကောက်၊ ပုရစ်ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျ‌ရောက်ပေါ က်ကွဲခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် မတ် ၆ ရက်နေ့က တောင်ကုတ်-သံတွဲကားလမ်းမအနီးရှိ တဲမောက်နှင့် ဘာယေရွာအကြားတွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ ကြောင်း သိရသည်။

၎င်းဖြစ်စဉ်ဖြစ်ပွားအပြီးတွင် စစ်ကောင်စီက တောင်ကုတ်-အမ်းကားလမ်း၊ ကုတ်မောင် တန်ဂိတ်အနီးရှိလမ်းပိုင်းကို မြေတူးစက်များဖြင့် ဖြိုဖျက်ချခဲ့သည်။

#တောင်ကုတ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #စစ်ကောင်စီနေဗီ #လက်နက်ကြီးပစ်#Ayeyarwaddy_Times