
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ဧရာဝတီတိုင်း၊မြောင်းမြခရိုင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဧရာ၀တီတိုင်းအပါအ၀င် မဟာမိတ်ဒေသများတွင် စစ်ကောင်စီနှင့်တိုက်ပွဲဝင်နိုင်ရန် အတွက်စစ်အသုံးအဆောင်များပြင်ဆင်နေကြောင်းသတင်းထုတ်ပြန်သည်။
ဧပြီ ၇ ရက်နေ့တွင် တပ်ဖွဲ့၏ စုဆောင်းငွေနှင့်သေနတ် အရှည်တစ်လက်ဝယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၊လက်ရှိရပ်တည်နေသည့် နေရာတွင်လည်း စစ်ရေးအရ မဟာမိတ်နှင့်ပူးပေါင်း တိုက်ပွဲဝင်နေသည့်အပြင် ဧရာ၀တီ တိုင်းအတွင်း ပြန်ဝင်နိုင်လျှင်လည်း စနစ်ကျသည့် တပ်ဖွဲ့ဝင်များဖြစ်ရန် ရည်ရွယ်ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
“ဧရာ၀တီတို လူတွေက ဒလန်တိုင်းလို့ပြောပြော နေကြတယ် အမှန်က တိုင်းရင်းသား နယ်မြေတွေမှာရော၊ အညာဒေသတွေအထိတိုက်ပွဲ၀င်နေတဲ့ ဧရာ၀တီတိုင်းသားတွေအများကြီးရှိပါတယ်။ ခုဆိုရင်စနစ်တကျ စုဖွဲ့မှုတွေနဲ့တပ်ရင်းတပ်ဖွဲ့တွေ တောင်ဖြစ်လာပါပြီ။ အချိန်တစ်ခုမှာတော့ တိုင်းအတွင်းစစ်ကောင်စီကို တိုက်ခိုက်ဖို့ စတင်လာနိုင်ပါတယ်”ဟု တိုင်းအတွင်းတော်လှန်ရေးအဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တပ်ဖွဲ့အတွက် လိုအပ်သည့် ယူနီဖောင်း၊စကားပြောစက်၊ စခန်းအတွက် လိုအပ်ချက် များကို ဖြည့်ဆည်းနေပြီး၊ ပြည်သူများ၏ ထောက်ပံ့ငွေ များကို စီမံခန့်ခွဲရာတွင် တော်လှန်ရေးအတွက် ထိရောက်သည့် အသုံးစရိတ်ဖြစ်ရန် အဓိကထား လုပ်နေကြောင်းလည်း ၄င်းကပြောသည်။
မြောင်းမြ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် လိုအပ်သောယူနီဖောင်း၊စကားပြောစက်များကို ဖြည့်ဆည်းနေပြီး၊ ပြည်သူများ၏ ထောက်ပံ့ငွေ များကို စီမံခန့်ခွဲရာတွင်တော်လှန်ရေးအတွက် ထိရောက်သည့်အသုံးစရိတ်ဖြစ်ရန်အဓိကထားလုပ်ဆောင်နေကြောင်းနှင့် ဝန်းရံပေးကြသော အလှူရှင်များ၊ ပူးပေါင်းဆောင်ရွက်ပေးနေသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြထားသည်။
#မြောင်းမြခရိုင် #PDF #ဧရာ၀တီတိုင်း #မြောင်းမြခရိုင်ပြည်သူ့ကာကွယ်ရေးတပ် #Ayeyarwaddy_Times